တပ်မ ၆၆ မှ ဗိုလ်မှူး နေမျိုးဦး အဖွဲ့က ထန်တလန်မြို့အဝင်တွင် ဦးရာသူးလ်နှင့် ဦးဟရမ်ကျူံး တို့ လိုက်ပါသောကားကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ငွေကျပ် ၁၀ သိန်း ခိုးယူ

ချင်းပြည်နယ်၊ ထန်တလန်မြို့ အဝင်တွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း ပြည်သူ ၅ ဦး စီးလာသော ကားအား ပစ်ခတ်ပြီး ကားပေါ်ပါ ပိုက်ဆံ ငွေကျပ် ၁၀ သိန်းအား ခိုးယူသွားသူများမှာ တပ်မ ၆၆ မှ ဗိုလ်မှူး နေမျိုးဦး၏ လက်အောက်ခံ တပ်သားများဖြစ်သည်ဟု ချင်းလူ့အခွင့် အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

“စက်တင်ဘာလ ၂၉ ရက်က ထန်တလန်မြို့အဝင်မှာ ကား ၁ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကားပေါ်ပါ ပြည်သူ ၂ ဦး သေဆုံးပြီး ငွေကျပ် ၁၀ သိန်းကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူသွားကြတယ်။ ကျူးလွန်သူတွေက တပ်မ ၆၆ ဒုတိယဗိုလ်မှူးကြီး သောင်းလှိုင် လက် အောက်က ဗိုလ်မှူး နေမျိုးဦးရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဖော်ပြသည်။

စက်တင်ဘာလ ၂၉ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဟားခါးမြို့မှ ထန်တလန်မြို့သို့ပြန်လာသော ကား ၁ စီးအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရာ ထန်တလန်မြို့မိမြို့ဖ ဦးရာသူးလ်နှင့် ဦးဟရမ်ကျုံးတို့ ၂ ဦးသေဆုံးခဲ့သည်။လက်ရှိအချိန်တွင် ထန်တလန်မြို့ရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး မြို့ပေါ်တွင် လူမရှိတော့ပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သာ ရှိတော့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s