ရန်ကုန်တွင် စစ်ကောင်စီသတင်းပေး အုန်းသန်း၊ မန္တလေးတွင် စစ်ကောင်စီခန့် ရာအိမ်မှူး အောင်မိုး ဝက်လက်မြို့တွင် ရုံပင်ကုန်းကျေး ရွာအုပ်ချုပ်ရေးမှူး သိန်းတင့် စုစုပေါင်း ၃ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်းနှင့် ၁၀၃ လမ်းတွင် စစ်ကောင်စီခန့် ရာအိမ်မှူး အောင်မိုးကို ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

” ၅၈လမ်း ၁၀၃လမ်း ရာအိမ်မှူးဒလန်အကြီးစားအောင်မိုး သေနတ်နဲ့နှစ်ချက်ပစ်ခံရပြီး သေပါတယ်။ ချမ်းမြသာစည်မြို့နယ်ထဲမှာပါ။ သူနေတာက ၅၈ လမ်း ၁၀၃လမ်းထောင့်မှာ ပြည့်စုံ ဆိုတဲ့ထမင်းဆိုင်လေးဖွင့်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလားတူ စစ်ကိုင်း တိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီခန့် ရုံပင်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းတင့်ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် အမည်မသိ လက်နက် ကိုင်တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ သန်လျင်မြို့ တာ၀ကညင်ပင်ဘုန်းကြီးကျောင်းရှေ့တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ အုန်းသန်း ယနေ့နံနက်တွင် သေနတ် ၃ ချက်ပစ်ခတ်ခဲ့ရပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးကြောင်း၊ ခေါင်းကို ၁ချက်၊ ဗိုက်ကို ၂ ချက်ထိမှန် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s