အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ် ရေးတပ်များကြား ယနေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးဟု NUG ထုတ်ပြန်

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ၁၀၀ ဝန်းကျင်သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ပုလဲမြို့နယ်အတွင်းသို့ ဝင်လာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းအား ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ရင်း ၁ မှ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၂၅ ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်နှင့် နတ်ထိပ် (ပုံတောင်) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တို့ နှစ်ကြိမ်တိတိတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၁ ဦး သေဆုံးကာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့မှ ၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီအချိန်က ကလေးနည်းပညာတက္ကသိုလ်အနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကလေး PDF မှ မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကြောင်း၊ သာယာကုန်းကျေးရွာအနီးတွင် ကလေး PDF မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကာင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မိုင်းနှစ်ကြိမ်ခွဲခံရသော စစ်ကောင်စီယာဉ်တန်းအား ပန်းမွန်ချောင်းနှင့် အောင်ချမ်းသာကျေးရွာအကြားတွင် ယနေ့နံနက် ၁၁ နာရီခန့်တွင် က လေး PDF နှင့် CNDF တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ကျွဲခြံရွာအနီးတွင် ယနေ့နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေါင်းမင်းစစ်ဆင် ရေးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်မှ ၁၀ ဦးကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရကြောင်းနှင့် စစ်ကောင်စီဘက်မှ လက် နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အများပြည်သူနေအိမ်များ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထား သည်။

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းတွင် SPGF နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွဲမှာ ၃ ရက်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များသည် အိုင့်ကြယ်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၇ ဦးအား ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း၊ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီတပ်၏ သေဆုံးဒဏ်ရာရစာရင်း အတိအကျ မသိရှိရသေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s