ကျိုက်ထိုရဲစခန်းမှ ရဲတပ်ကြပ် ကျော်စိုးမိုးကို ပစ်သတ်မှု ၎င်းတို့လက်ချက်ဟု KRF က ပြော ဆို၊ စစ်ကောင်စီဒေါက်တိုင်များအားလုံးရှင်း လင်းမည်ဟု သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုရဲစခန်းမှ ရဲတပ်ကြပ် ကျော်စိုးမိုးကို အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၆ နာရီတွင် Kyaikhto Revolution Force (KRF)က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး စစ်ကောင် စီ၏ ဒေါက်တိုင်များအားလုံးကို လာမည့် ရက်ပိုင်းအတွင်း ရှင်းလင်းမည်ဖြစ်ကြောင်း KRF က သတိ ပေးချက် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာတွင် ကျိုက်ထိုရဲစခန်းမှ ရဲတပ်ကြပ် ကျော်စိုးမိုး (ဖက္ကလိပ်ရွာနေ) ကို ဆိုင်ကယ်တစ်စီးဖြင့် လူ ၂ ဦး လာရောက်ပစ်ခတ်ခဲ့ပြီး စုစုပေါင်း သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သွားကြောင်း၊ ရဲတပ်ကြပ် ကျော်စိုးမိုးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

Kyaikhto Revolution Force (KRF) က ကျိုက်ထိုမြို့ ဖက္ကလိပ်‌ရပ်ကွက်၊ ဖက္ကလိပ်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရဲတပ်ကြပ်ကျော်စိုးမိုးကို ပစ်သတ်မှုသည် ၎င်းတို့အဖွဲ့၏ လက်ချက်ဖြစ်ပြီး KRF အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ KRF အနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်းမှ စစ်ကောင်စီဒေါက်တိုင် သတင်းပေးဒလန်များကို ရှင်းလင်းသုတ် သင်နေသည်မှာ ၃ ဦးရှိသွားပြီဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရုံးအဆောက်အအုံများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်း တရားဝင် သတိပေးချက်ထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s