ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာမှ ကိုအောင်ဖြိုး၊ ကိုအောင်မြင့်စိုးနှင့် ဦးစိန်ပိုတို့ကို အ ကြမ်းဖက်စစ်တပ်က ဝမ်းလျှားမှောက်ခိုင်းပြီး ဦးခေါင်းကို ချိန်ရွယ်၍ ပစ်သတ်သွား

စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်း ကျေးရွာသား ကိုအောင်ဖြိုး၊ ကိုအောင်မြင့်စိုးနှင့် ဦးစိန်ပိုတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝမ်းလျှားမှောက်ခိုင်းပြီး ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မနေ့က နေ့ လယ်မှာ စစ်ကောင်စီတပ်တွေ ပျဉ်ထောင်ရွာကိုလာတော့ ရွှေကူတဲစုရွာ ကျေးရွာသူကျေးရွာသားတွေလည်း ရှောင်နေကြရတယ်။

ညနေ နေ ဝင်တော့ အိမ်မှာကျန်ရစ်တဲ့ နွားတွေကို နွားစာကျွေးဖို့ အတွက် ရှောင်နေတဲ့ ရွာသား ၃ ဦးက ရွာကိုပြန်လာတယ်။ စစ်ကောင်စီတပ်တွေလည်းပြန်လောက်ပြီ အထင်နှင့် မူးရိုးတစ်လျှောက် လမ်းလျှောက်ပြီး ရွာပြန်လာကြတာ။ စစ်ကောင်စီ ကင်းပုန်းဝပ်နေတဲ့သူတွေနဲ့တွေ့တော့ စစ်တပ်က ရွာသား ၃ ဦးကို ရပ်ခိုင်းတယ်။ ရွာသား ၃ ဦးက ရပ်ပေးလိုက်တော့ မူးရိုးပေါ်မှာ ဝမ်းလျှားမှောက်ခိုင်းပြီးတခါတည်းပစ်သတ်လိုက်တာ သူတို့ ၃ ဦးသေသွားပါတယ်” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က ပစ်သတ်သွားသူ ၃ ဦးမှာ ရွှေကူတဲစုရွာမှ ကိုအောင်ဖြိုး အသက် ( ၃၉) နှစ်၊ကိုဘာဂျာ (ခ) ကိုအောင်မြင့်စိုး (၃၉) နှစ်၊ ဦးစိန်ပို အသက် (၅၀) နှစ် တို့ဖြစ်ပြီး ယနေ့ အလောင်းပြန်ရသဖြင့် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ သေဆုံးသူများမှာ ကျေးရွာမှ အ ရပ်သားများသာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျေးရွာပြည်သူများမှာ ရပ်ရွာမပြန်ရဲဘဲ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s