ငပုတောမှာ PDF ဟုစွပ်စွဲကာ ဖမ်းဆီးငွေညှစ်

ငပုတောမြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟုစွပ်စွဲကာ လိုက်လံဖမ်းဆီးပြီး စစ်ကောင်စီတပ်များက ငွေညှစ်နေကြောင်း ဒေသခံများအပြောအရသိရသည်။ဧရာဝတီတိုင်း၊ငပုတောမြို့နယ်၊ စဉ့်ကူးကြီးကျေးရွာကို ယနေ့နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင် အား ၂၀ ဝန်းကျင် ကား၊ဆိုင်ကယ်များဖြင့်ရောက်လာပြီးနောက် ရွာ၏ထွက်ပေါက်ဝင်ပေါက်များကိုပိတ်ကာ ဖမ်းဆီးမှုများလုပ်လာခဲ့သည်။

” အဖမ်းခံထားရတဲ့သူတွေကို ငါးသိန်းပေးမှ ပြန်လွှတ်ပေးမယ်လို့လည်း အကြပ်ကိုင်ပြီးငွေညှစ်နေကြတယ်။ ကျွန်တော်တို့ရွာသားတွေက ဘာမှ မသိပါဘူးဗျာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ဆက်သွယ်ပြောကြားသည်။သတင်းပေးပို့ချိန် မနက် ၉ နာရီခွဲ အချိန်အထိ အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်တွေက PDF ဟု စွပ်စွဲဖမ်းဆီးထားကြောင်းနှင့် ရွာအတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေဆက်လက်ပြုလုပ်နေသည်ဟု ဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s