ပုလဲမြို့နယ်အတွင်း ဝင်လာသည့် စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်သားအများအပြား သေဆုံးပြီး ကား ၅ စီး ပျက်သွား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းသို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဝင်ရောက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၈၀ ကျော်ကို မိုင်း ၂၇ လုံးခွဲ၍ ပုလဲ PDF က တိုက်ခိုက်လိုက်ပြီး ကား ၅ စီးပျက်စီးကာ စစ်ကောင်စီတပ်သားအများအပြား သေဆုံးကြောင်း ပုလဲ PDF က တရားဝင်ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ အမြောက်ကား ၈ စီး နှင့် Truck ကားများ တွဲကားများ ပါဝင်သော စစ်အုပ်စု၏ အစီး ၈၀ ကျော်ဖြင့် ပုလဲမြို့နယ်အတွင်း ထောက်ပို့စစ်ကူအဖြစ်ဝင်ရောက်လာသော ယာဉ်တန်းအား ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့တွင် ဗိုလ်နဂါး ဦးဆောင်သည့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်း ၂၇လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်တန်းအတွင်းမှ ကား ၅ စီး ပျက်စီးခဲ့ပြီး စစ်ခွေးများ အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ၎င်းယာဉ်တန်းမှာ ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ နဂါးမတောင်ပေါ်တွင် ရပ်တန့် နေဆဲဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကို ဆက်လက် အသိပေးမည်ဟု ပုလဲPDF က သတင်းထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s