ပုသိမ်မြို့၌ စစ်တပ်က လုံခြုံ​ရေးအ​​ကြောင်းပြ စစ်ဆေးပြီး လူငယ်များထံမှ ငွေတောင်းနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်တပ်က လုံခြုံ​ရေးအ​​ကြောင်းပြချက်နဲ့ စစ်​​ဆေးတာတွေ ပြုလုပ်ပြီး လူငယ်တွေဆီကနေ ငွေတောင်းတာနဲ့ အဓမ္မစေခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုသိမ်မြို့နေ ​ဒေသခံတစ်ဦးက “လမ်း​တွေမှာ ​နေရာစုံစစ်တယ်၊ လူငယ်​တွေဆို အကုန်ရှာတယ်၊ ဖားခုန်ခိုင်းတာ​တွေ၊ ပိုက်ဆံ​တောင်းတာ​တွေ လုပ်​နေတာ၊ မြို့ထဲ ဓားပြ​တွေ ဝင်ဖမ်းထားသလို၊ စစ်တယ်ဆို ပိုက်ဆံ​တောင်းဖို့ ၊ ရိုင်းလည်းရိုင်းတယ်” လို့  ပြောပါတယ်။

စစ်တပ်ရဲ့ စစ်​ဆေးခံရသူတစ်ဦးက “ပုသိမ်ကြိုးတံတားအဆင်းမှာ ဘာလက်နက်မှမပါဘူး။ အတင်းခေါ်ပြီး စစ်တယ်။ စစ်တာတော့ တာဝန်အရ စစ်တာဆိုတော့ လက်ခံပါတယ်။ စစ်ပြီး ဘာလက်နက်မှမပါဘူး၊ PDF မဟုတ်မှန်းလည်း သိရော မြက်နုတ်ခိုင်းတယ်၊ ဖားခုန် ခုန်ခိုင်းတယ် ၊ ဘာအပြစ်မှမရှိဘဲနဲ့ ဒဏ်ငွေ အတင်းဆောင်ခိုင်းတယ်။ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ရော အရင်ဆုံး ကျပ်တသောင်းနဲ့ ညှိတယ်။ ၅၀၀၀ ထပ်တိုးပေးတယ်၊ မရဘူး။ နောက်ဆုံး နှစ်သောင်း ပေးခဲ့ရ​တယ်” လို့ လူမှုကွန်ရက်မှာ တင်ထားတာ ​တွေ့ရပါတယ်။

ပုသိမ်မြို့နယ် ငဝန်မြစ်ကြောင်းတလျှောက်မှာလည်း စစ်တပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားတဲ့ ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတား ဆိပ်ကမ်းတို့ပါ ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s