ပဲခူးတိုင်းအရှေ့ခြမ်းတွင် တတိယမြောက် မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရ

ပဲခူးတိုင်း ညောင်လေးပင်မြို့အရှေ့ဘက် ရွှေကျင် မဒေါက်လမ်း ပုဇွန်မြောင်းရွာရှိ မိုင်တဲလ်တာဝါတိုင်ကို အောက်တိုဘာလ ၃ ရက် ည ၁၂ နာရီလောက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့   Daik-U Defense Force နဲ့  မဟာမိတ်ပူးပေါင်းအဖွဲ့က ပြောပါတယ်။

ဒိုက်ဦးမြို့နယ် အုတ်ဝင်းရွာ မိုင်တဲလ်တာဝါတိုင် နဲ့ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာဒေသ နပဲပင် နဲ့ နှင်းဝိသံတံတားရွာမှာရှိတဲ့ တာဝါတိုင်တွေဟာလည်း ပြီးခဲ့တဲ့ရက်တွေက ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။

တာဝါတိုင်ကို ဖောက်ခွဲခဲ့တဲ့ ရဲဘော်တွေလည်း သက်ဆိုင်ရာ တပ်စခန်းကို ချောမောစွာ ပြန်လည်ရောက်ရှိနေပြီလို့ ပူးပေါင်းအဖွဲ့က ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s