ဘားအံမြို့ အခြေစိုက် တပ်မ ၂၂ အနီး မိုင်းကွဲ

ကရင်ပြည်နယ်၊ ဘားအံမြို့ အခြေစိုက် တပ်မ ၂၂ အနီးမှာ အောက်တိုဘာ ၃ ရက် ညပိုင်းက ချိန်ကိုက်မိုင်း တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ချိန်ကိုက် မိုင်းပေါက်ကွဲခဲ့တဲ့အတွက် တပ်မ ၂၂ အရှေ့ခြမ်းမှာရှိတဲ့ အုတ်တံတိုင်း ၂ ကန့်လောက် ပြိုကျ ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရတဲ့သ တင်းတွေကတော့ မရရှိသေးပါဘူး။

“ပေါက်ကွဲသံကတော့ အတော်ကျယ်တယ်။ အုတ်တံတိုင်း နှစ်ကန့် ပြိုကျသွားတယ်။ ည ၇ နာရီကျော်လောက် ဖြစ်တာဆိုတော့ အထိအခိုက် အသေးစိတ်တော့ သေချာမသိဘူး။ စစ်ကောင်စီအဖွဲ့တွေ အဲဒီနားမှာ စစ်ဆေးနေတော့ သွားမကြည့်ရဲဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တပ်မ ၂၂ အရှေ့လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးနေပြီး ဘားအံမြို့လမ်းတချို့ပေါ်မှာလည်း မော်တော်ယာဉ်တွေကို စစ်ဆေးနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s