ဘားအံ တပ်မ ၂၂ ရှေ့ ပေါက်ကွဲမှုဖြစ်၊ အုတ်တံတိုင်းများ ပျက်စီး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စစ်ကောင်စီ တပ်မ ၂၂ ရှေ့ဘက် အုတ်နံရံအနီးတွင် ယနေ့ အောက်တိုဘာလ ည ၆ နာရီခွဲကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ဘဲ အုတ်တံတိုင်းများသာ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

“ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်ဗျ၊ ၆ နာရီခွဲ ကျော်ကျော်လောက်မှာ ကြားရတာ၊ အုတ်တံတိုင်းတွေ လဲသွားတယ်၊ လူထိခိုက်မှုမရှိဘူးလို့ ကြားတယ်၊” ဟု ဘားအံမြို့ခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါပေါက်ကွဲမှုသည် ချိန်ကိုက်မိုင်း ဖောက်ခွဲမှုလော လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲမှုလော ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။ဘားအံအခြေစိုက် တပ်မ ၂၂ သည် အမှတ် ၁ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင်ရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လုံခြုံရေး တင်းကြပ်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s