သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက် ဆုံးနှစ်ကျောင်းသူများကို မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်ဆက်ခေါ်နေ

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူများက နောက်ဆုံးနှစ်ကျောင်းသူများအား မဖြစ်မနေ တစ်ပတ်ခန့် ကျောင်းပြန်တက်ပြီး စာမေးပွဲဖြေဆိုရန် ဖုန်းဆက်အကြောင်းကြားထားကြောင်း ပုသိမ်သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“နောက်ဆုံးနှစ်ကျောင်းသူတွေကို ဖုန်းဆက်ပြီးတော့ လှမ်းခေါ်နေတာ၊ ကျွန်မကတော့ ဖုန်းပြောင်းထားတာမို့ သူတို့ဆက်လို့မရဘူး။ သူငယ် ချင်းတွေပြန်ပြောကြတာ၊ ကျောင်းကဖုန်းဆက်တယ်ပေါ့။ အောက်တိုဘာလကျရင် ကျောင်းပြန်ဖွင့်မယ် ။ လာတက်ရမယ်။ တစ်လအတွင်း စာမေးပွဲဖြေရမယ်။

အဲဒီလိုပြောတယ်”ဟု သူနာပြုသင်တန်းကျောင်းသားဖွားနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကပြောသည်။ကျောင်းသူအများစုမှာ CDMလှုပ်ရှား မှုတွင် ပူးပေါင်းပါဝင်နေကြပြီး ကျောင်းမတက်ကြရန် ဆန္ဒရှိ‌နေကြသည်ဟုဆိုသည်။“အခုက နောက်ဆုံးနှစ်တွေကိုပဲ ခေါ်တာက အကြောင်းရှိတယ်လေ ။ ပထမ တစ်ဖြတ် စာမေးပွဲက ဖြေနေရင်းနဲ့ ရပ်သွားတာ၊ အခု အမြန်ခေါ်တက်ခိုင်းမယ်။

ပြီးရင် အကုန်အအောင်ပေးပြီးတော့ အလုပ်ထဲ ဝင်ခိုင်းမှာ၊ အလုပ်ထဲကိုက ငြင်းလို့မရဘူးလေ။ သမီးတို့က ကျောင်းတက်တယ်ဆိုတာ စာ ချုပ် နဲ့တက်ရတာ၊ ကျောင်းပြီးတာနဲ့ ဘယ်နှစ်နှစ် တာဝန်ထမ်းဆောင်ရမယ်။ မထမ်းဆောင်ရင် ဘယ်လောက်လျော်ရမယ်။ အိမ်ထောင်မပြုရတာက အစပါသေးတာ၊ ကျောင်းဆက်မတက်ရင်လည်း လျော်ရမှာပဲ။

အဲဒါကြောင့်မို့ သူတို့က အတင်းခေါ်နေတာ”ဟု အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ထပ်မံပြောကြားသည်။စစ်ကောင်စီလက်အောက်တွင် ကျောင်းဆက်တက်ပြီး တာဝန်မထမ်းဆောင်လိုခြင်းကြောင့် ကျောင်းသူအချို့သည် ဖုန်းနံပါတ်များကို ပြောင်းလဲကိုင်ဆောင်ပြီး ကျောင်းတာဝန်ရှိသူများနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြကြောင်း သိရသည်။

စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝန်းက ကျောင်းသူများအနေဖြင့် ကျောင်းပြန်တက်ကြရန် ပြင်ဆင်နေကြသည်ဟု သိရကြောင်း၊ ကျောင်းပြန်ဖွင့်မဖွင့်ကို ကျောင်းနှင့်အဆက်သွယ်ဖြတ်တောက်ထားသည့်အတွက် မသိရသေးကြောင်း CDMကျောင်းသူများက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s