Denko နှင့် Gold Delta ကုမ္ပဏီတို့ကို သတိ ပေးဗုံးခွဲမှုလုပ်ကြောင်း ပြောက်ကျားအဖွဲ့ပြော

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁)၊ ကနောင်မင်းသားကြီးလမ်း၊ ရွှေလင်ပန်းစက်မှုဇုံအနီးမှ Denko Co.,Ltd နှင့် Gold Delta Co.,Ltdရုံးတို့ကို သတိပေး ဗုံးဖောက်ခွဲမှု အောက်တိုဘာလ ၃ ရက်နေ့ ညနေ (၆) နာရီ ဝန်းကျင်ခန့်က ပြုလုပ်ခဲ့သည်ဟု ပြောက်ကျားအဖွဲ့တစ်ခုက ပြောသည်။

“အခုကသူတို့ကိုသတိပေးရုံလောက်ပဲလုပ်ထားတာ၊ သူတို့ဘက်ကဒီပုံစံမျိုးပဲ ဆက်လုပ်နေမယ်ဆိုရင်အခုထက်ပိုဆိုးတာမျိုးကို ကျွန်တော်တို့ဘက်ကဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု FREE TIGER RANGER)လှိုင်သာယာမြို့နယ်အဖွဲ့ ခွဲ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောကြား သည်။

Denko Co.,Ltd နှင့် Gold Delta Co.,Ltd တို့တွင် အကြမ်းဖက်စစ်ကောင်စီအားထောက်ခံသတင်းပေးသူများရှိနေခြင်းနှင့် အခြေခံပြည်သူများ၏လိုအပ်ချက်ဖြစ်သော စက်သုံးဆီများအားဈေးနှုန်းကစားနေခြင်းတို့ကြောင့် သတိပေးခြင်းဖြစ်သည်ဟုဆိုသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s