ကရင်နီပြည်ရှိ စစ်ဘေးရှောင်များအား Free Burma Ranger-Karenni အဖွဲ့မှ အစားအ သောက်များ သွားရောက်ပေးအပ်၊ ခွန်အားပေး

ကယား (ကရင်နီ) ပြည်နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ဘေးလွတ်ရာ တောတောင်အတွင်းသို့ တိမ်းရှောင်နေရသော စစ်ရှောင်ပြည်သူများအား Free Burma Ranger-Karenni အဖွဲ့မှ အစားအ သောက်၊ ဆေးဝါးများနှင့် အသုံးအဆောင်များ ယနေ့ အောက်တိုဘာလ ၅ ရက်တွင် ပေးအပ်ခဲ့ကြသည်။

“အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်အချို့ကို ပေးအပ်ခဲ့သလို စစ်ဘေးရှောင်နေရတဲ့ ပြည်သူတို့ကို (Good Life Glub) အစီအစဥ်နှင့် ခွန်အားပေး နှစ်သိမ့်ပေးခဲ့သည်။ စစ်ရှောင်စခန်းတိုင်းလိုလို ဖျားနာနေကြတာ ဆေးဝါးအလုံအလောက်မပို့ပေးနိုင်သေးပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပေးပါတယ်” ဟု Free Burma Ranger-Karenni မှ ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီမှ တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးချိန်မှစ၍ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၈၀ ကျော် ဖြစ်ပွားခဲ့သလို စစ်ကောင်စီမှ အရပ်သား ၇၂ ဦးအား အကြောင်း မဲ့ ပစ်ခတ်သတ်ဖြတ်ထားပြီး နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ရှိနေသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s