ကရင်နီ GZ အဖွဲ့က ဖမ်းမိသည့် ဒုတပ်ကြပ်သိန်းဇော်ကို သတ်ဖြတ်ခြင်းမရှိဘဲ ကရင်နီပြည်ရဲတပ်ဖွဲ့က လူ့အခွင့်အရေးနှင့်အညီ ညှဉ်း ပန်းနှိပ်စက်ခြင်းမရှိဘဲ စစ်ဆေးနေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီ GZ တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်စဉ် ဖမ်းဆီးမိသော စစ်ကောင်စီ ဆက်သွယ်ရေးတပ် အဆရ ၁၀ မှ ဒုတပ်ကြပ် သိန်းဇော်ကို ဆက်လက်စစ်ဆေးနေဆဲဟု ကရင်နီပြည်ရဲဌာန ထံမှ သိရသည်။

” KSP အနေနဲ့ မည်သူ့ကိုမဆို လူ့အခွင့်အရေးနဲ့အညီ အသက်ရှင်ခွင့်ပေးထားပါတယ်၊ အခုလက်ရှိကတော့ ဖမ်းမိထားတဲ့ ဒုတပ်ကြပ်သိန်းဇော်ကို ဆက်လက်စစ်ဆေးနေဆဲပါ၊ ပြီးရင် သတင်းထုတ်ပြန်ဖို့ ရှိပါတယ်” ဟု ကရင်နီပြည် ရဲဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အဆရ ၁၀ မှ ဒုတပ်ကြပ်သိန်းဇော်အား အောက်တိုဘာလ ၂ ရက်တွင် ကရင်နီ GZ အထူးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းနေစဉ်ဖမ်းဆီးမိခဲ့ပြီး သတ်ဖြတ်ခြင်းမရှိဘဲ ကရင်နီပြည်ရဲဌာနထံ ပို့ဆောင်ထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီသတင်းပေး ဒလန်ဟု မသင်္ကာ သူ ၁၀ ဦးအား ကရင်နီပြည်ရဲအဖွဲ့မှ ဖမ်းဆီးခဲ့ပြီး သက်သေအ ထောက်အထားမခိုင်လုံသူ ၅ ဦးအား ပြန်လွှတ်ပေးခဲ့ကာ သက်သေခိုင်လုံသော ဒလန် ၅ ဦးအား ကရင်နီပြည်ရဲအဖွဲ့အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု KSP မှ ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s