ကလေးမြို့နယ်၊ ပန်းမွန်ချောင်းအနီးတွင် မိုင်းရှာဖွေနေသော စစ်ကောင်စီတပ်ဖွဲ့အား PDF-Kalay က ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက်ရှိ ပန်းမွန်ချောင်းတံတားအနီးတွင် မိုင်းရှာဖွေနေသော စစ်ကောင်စီတပ်ဖွဲ့အား အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် ကလေး PDF မှ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“အောက်တိုဘာလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကလေးမြို့တောင်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ကား ၁၀ စီး ပါဝင်သော ယာဉ်တန်းသည် ပန်းမွန်ချောင်းတံတားအကျော်တွင် မိုင်းရှာဖွေနေစဉ် PDF-Kalay က အသင့်တပ်ဆင်ထားသော မိုင်းကို ဖောက်ခွဲကြောင်း လက် နက်ငယ်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း” ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ပြီးနောက် PDF-Kalay တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s