ကြာအင်းဆိပ်ကြီးတွင် ဈေးဝယ်ထွက်သည့် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ရွာအနီးတွင် စျေးဝယ်ထွက်သည့် စစ်ကောင်စီ ခမရ ၅၅၇ နှင့် ကရင်နယ်ခြားစောင့်တပ် တပ် ရင်း ၁၀၂၃ မှ တပ်ဖွဲ့ဝင်များကို KNLA က ပစ်ခတ်သဖြင့် ၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီ ခမရ ၅၅၇ နှင့် ကရင်နယ်ခြားစောင့်တပ် တပ်ရင်း ၁၀၂၃ က တပ်ဖွဲ့ဝင်တွေ ကြိတ်ရွာဈေးထဲ ဝင်ဝယ်နေတာ၊ အပြန်မှာ ကျနော်တို့ KNLA တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ နယ်မြေထဲ ဝင်လာလို့ ပစ်တာ ၂ ယောက်သေတယ်” ဟု KNLA အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အဆိုပါ ကြိတ်ရွာအနီးရှိ တပ်စခန်းသည် ဩဂုတ်လ ၂၂ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီး တပ်စခန်းဟောင်းနေရာတွင်စကခ ၁၃ လက်အောက်ခံ ခမရ – ၅၅၇ နှင့် ကျိုက်ဒုံအခြေစိုက် BGF – ၁၀၂၃ ပူးပေါင်းကာ ပြန်လည် တပ်စွဲစခန်းချထားခြင်းဖြစ်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s