စက်တင်ဘာလအတွင်း KNLA နှင့် စစ်ကောင် စီတပ်ကြား တိုက်ပွဲ ၂၆၅ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၂၃၄ ဦး သေဆုံး ၂၆၅ ဦး ဒဏ် ရာရ၊ KNLA မှ ၅ ဦးသေဆုံးကာ ၁၀ ဦး ဒဏ် ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၂၆၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၃၄ ဦး သေဆုံးကာ ၂၆၅ ဦး ဒဏ်ရာရကြောင်း၊ KNLA ဘက်မှ ၅ ဦး သေ ဆုံးကာ ၁၀ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများသည် KNU တပ်မဟာ ၇ ဘားအံခရိုင်မှအပ ကျန် တပ်မဟာ ၆ ခုတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများဖြစ်သည်။သထုံခရိုင်၊ တပ်မဟာ ၁ နယ်မြေတွင် KNLA၊ KNDO ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ် ပူးပေါင်းတပ်ဖွဲ့ကြား တစ်လအတွင်း တိုက်ပွဲပေါင်း ၂၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇၃ ဦးသေဆုံး ၆၃ ဦး ဒဏ်ရာရကာ စစ်ကား ၇ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေတွင် KNLA နှင့် KNDO တပ်တို့ ပြောက်ကျားတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး ဒဏ်ရာရကြောင်း ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေတွင် ပစ်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကြောင်း ၅၀ ခန့် ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။မြိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရကြောင်း သိရသည်။

ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ ၅ နယ်မြေတွင် KNLA၊ KNDF နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့များကြား စက်တင်ဘာ ၁ လအတွင်း တိုက်ပွဲပေါင်း ၂၁၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ ၁၃၆ ဦး သေဆုံးကာ ၁၄၄ ဦး ထိခိုက်ကြောင်း KNU မှ ထုတ်ပြန်ထားသည်။ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး၏ စက်တင်ဘာလအတွက် ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ်များမှ အများပြည်သူနေထိုင်သော ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ အများပြည်သူပိုင် ပစ္စည်းများအား ခိုးယူစားသောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ထည့်သွင်းဖော်ပြထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s