စဉ့်ကိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ဖလံဗိုလ်ကျေးရွာရှိ စစ်ကောင်စီတပ်သားတွေရှိနေတဲ့ နေရာ အောက်တိုဘာလ ၅ ရက် မနက် ၇ နာရီခွဲလောက်က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဆိုင်ကယ်နဲ့ လူ ၂ ယောက်က လာပစ်တာဖြစ်ပြီး လက်ပစ်ဗုံး ၂ လုံးအနက် ၁ လုံးသာ ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“မနက်ခင်းတုန်းက ဖလံဗိုလ်ရွာဘက် ဖြစ်သွားတာတော့ ကြားတယ်။ အဲ့ဒီဘက်ကလူတွေ မေးကြည့်တော့ ရွာဆေးပေးခန်းနားမှာရှိတဲ့ စစ်သားတွေကို ဗုံးနဲ့ လာပစ်သွားတာ။ ထိခိုက်ဒဏ်ရာရတယ်လို့တော့ မကြားဘူး။”  

ဒီလိုလက်ပစ်ဗုံးနဲ့ ပစ်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ပစ်ခတ်ပေမယ့် လက်ပစ်ဗုံးနဲ့ လာပစ်သူတွေကို ဖမ်းဆီးရမိတာ မရှိဘူးလို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s