ညောင်လေးပင်မြို့နယ်၌ ၂ ရက်ဆက်တိုက် Mytel တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ စစ်တပ်ရဲ့ အကျိုးစီးပွား Mytel ဆက်သွယ်ရေးတာဝါတိုင်ကို အောက်တိုဘာ ၄ ရက်နေ့က မိုင်းထောင် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။ 

“မနေ့ညကတည်းက ထောင်ထားတာဗျ၊ အခု (အောက်တိုဘာ ၄ ရက်)  ည ၁၁ နာရီ ၄၅ မိနစ် အချိန်​ရောက်မှ ထပေါက်တာ”လို့ ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့  PDFအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပုဇွန်မြောင်းကျေးရွာသားတစ်ဦးကလည်း “ဖောက်ခွဲသံအသံအကျယ်ကြီးဗျ၊ အိမ်တောင် လှုပ်သွားတယ်”လို့ ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်ရှိ တာဝါတိုင် ၂ တိုင် တပြိုင်တည်း  တိုက်ခိုက်ဖျက်ဆီးခံရပါတယ်။ 

တခုလို့ နေ့စဉ် တာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး  ကျေးရွာမှာ ဝင်ရောက် စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“စကစတာဝါတိုင်​တွေကို တိုက်ခိုက်တဲ့ဖြစ်စဉ်​တွေ ညောင်လေးပင်မြို့နယ်အတွင်း  နှစ်ရက် ဆက်တိုက်ဖြစ်သွားတော့ စကစတပ်တွေ ရွာထဲမှာ မိုးလင်းကတည်းက ခြေရူပ်နေကြတယ်။ ရွာသားတွေကလည်း တအားကို ကြောက်နေကြတာပေါ့”လို့  ရွာသားတစ်ဦးကပြောပါတယ်။

နပဲပင်ကျေးရွာရှိတာဝါတိုင်တတိုင်းနဲ့   နှင်းဝိသံတံတားကျေးရွာရှိ တာဝါတိုင်တတိုင် စုစု​ပေါင်း တာဝါတိုင် ၂ တိုင်  အောက်တိုဘာ ၃ ရက် ည ၁၂ နာရီလောက်က တချိန်တည်း တပြိုင်နက်တည်း မိုင်းခွဲ ဖျက်ဆီးခံရတာဖြစ်ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s