တန့်ဆည်မြို့တွင် ကွမ်းဒိုင်မှ အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ထူးတော်ဝင်လမ်းကြားမှာ အောက်တိုဘာ ၃ ရက် ည ၁၀ နာရီလောက်က ကွမ်းရွက်နဲ့ ကွမ်းယာပစ္စည်းဖြန့်တဲ့ ကွမ်းဒိုင်အိမ်ကို စစ်တပ်ကတံခါးရိုက်ဖျက် စီးနင်းဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသမီး ၄ ဦးကို အကြမ်းဖက်ဖမ်းဆီးသွားပါတယ်။

တန့်ဆည်မြို့ခံတစ်ဦးက “အဲဒီလမ်းကြားက နေအိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးနင်းရှာဖွေတာ ဘာမှ မတွေ့လို့လား မသိဘူး။ ဘေးနားက ကွမ်းဒိုင်အိမ်ကို တံခါးခေါက်တာ ဖွင့်မပေးလို့ဆိုပြီး တံခါးဖျက်ဆီးပြီး ဝင်ရှာတယ်။ တွေ့တဲ့အမျိုးသမီး ၄ ဦးကို အကြမ်းဖက် ဖမ်းဆီးသွားတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကွမ်းဒိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ အလုပ်သမ ၃ ဦးလို့သိရပြီး အခုအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

ရွှေဘိုခရိုင်အတွင်း တန့်ဆည်၊ ခင်ဦး၊ ရေဦးနဲ့ ရွှေဘိုမြို့နယ်တို့မှာ ခုရက်ပိုင်း မြို့အတွင်းဝင်ရောက်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ဖမ်းဆီး စစ်ဆေးနေပါတယ်။

ဒါ့အပြင် လိုင်စင်မပါတဲ့ဆိုင်ကယ်နဲ့ ကားတွေကို အပြီးအပိုင်သိမ်းဆည်းသွားတာတွေရှိသလို၊ ဆိုင်ကယ်တစ်စီးကို ကျပ်ငွေတစ်သိန်းနှုန်းနဲ့ ပြန် လည်ရွေးခိုင်းတာတွေရှိတယ်လို့ သိရပြီး၊ လူငယ်လူရွယ်တွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s