ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နဲ့  (၅) မိုင် ကျေးရွာအကြား အောက်တိုဘာ ၄ရက် ည ၇နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ 

လွိုင်ကော်မှ ဒီးမော့ဆိုမြို့နယ်ဘက်သို့ ဦးတည်လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF တို့က တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးတလျှောက် လမ်းကင်းချထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ မွန်းလွဲ ၁နာရီက ဒေါပိုးစီမှာ တစ်ကြိမ်၊ ညနေ ၃ နာရီခွဲမှာ  ဒေါခလိုက်လင်းမှာ တစ်ကြိမ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။  

ဒီတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄ ယောက်သေဆုံးသွားခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကာ ဒေသခံ PDF  တွေ ထိခိုက်မှုမရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်တို့မှာ အပြင်းအထန် ထိုးစစ်ဆင်ပြီး  အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတွေဟာ လူ၊လက်နက်၊ရိက္ခာ အပြည့်နဲ့ ဖရူဆို၊ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်တွေဘက်ကို  ဦးတည်ကာ အင်အားဖြည့်တင်းမယ့် အခြေအနေရှိနေပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s