ပြာကျသွားသည့် ထီးချိုင့်၊ ကမ်းနီ ရဲကင်းစ ခန်းနှင့် ည ၈ နာရီကျော်လျှင် လမ်းအသုံးမပြုရဆိုသော PDF အမိန့် မလိုက်နာ၍ မိုင်းခွဲခံရသည့် ဆီသယ်ယာဉ်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကမ်းနီ ရဲကင်းစခန်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်PDF က ယမန်နေ့ညပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် PDF ပျောက်ကြားတပ်ဖွဲ့က အဆိုပါ ကမ်းနီရဲကင်းစခန်းကို မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ “ရဲကင်းက ရဲတွေ အကုန် စခန်းကိုစွန့်သွားကြတယ်။ ထီးချိုင့်မြို့ပေါ် ရဲစခန်းမှာ သွားပေါင်းနေကြတာပါ။ ည၁၀နာရီလောက်မှာ ရဲကင်းစခန်းတစ်ခုလုံးကို မီးရှို့လိုက်တာပါ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

အလားတူ ထီးချိုင့်မြို့တွင် ည ၈ နာရီ ပြည်သူများ အပြင်မထွက်ကြရန်နှင့် ကားများ သွားလာခြင်း မပြုရန် ထီးချိုင့် PDFက စက်တင်ဘာလ ၂၄ ရက်နေ့တွင် အသိပေး ပန်ကြားချက် အမိန့် ထုတ်ပြန်ထားပြီး အဆိုပါ အမိန့်ကို မလိုက်နာသော ဆီသယ်ယာဉ်တစ်စီးကို ယမန်နေ့ညပိုင်း မိုင်းခွဲ သတိပေးလိုက်ကြောင်း၊ သတိပေးမှုတွင် လူအထိအခိုက်မရှိဘဲ သတိပေးမှု သက်သက်သာသာ ဖြစ် ကြောင်း သိရှိရသည်။

” ည ၁၀ နာရီလောက်မှာ ထီးချိုင့် PDF က ထုတ်ပြန်တဲ့ ည ၈ နာရီ အပြင်မထွက်ရ ပန်ကြားချက် အမိန့်ကို မနာခံဘဲမောင်းတက်လာတဲ့ ဆီဘောက်ဆာတစ်စီးကို မန်းကျီးလျိုတံတားမှာ ဖောက်ခွဲသတိပေးပါတယ်။ လူထိခိုက်မှုမရှိပါဘူး။ ကားရပ်ခိုင်းတာကို မရပ်လို့မိုင်းခွဲလိုက်တာပါ” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။

ထီးချိုင့်တွင် အောက်တိုဘာလ ၃ ရက်နေ့ ကလည်း အလယ်တောရဲစခန်းကို PDF က မီးဝင်ရှို့ခဲ့ပြီး ထီးချိုင့်မြို့မရဲစခန်းကိုလည်း လက်နက် ကြီးဖြင့် ၂ ချက် ပစ်ခတ်၍ သတိပေးထားကြောင်း သိရှိရသည်။

လက်ရှိတွင် ထီးချိုင့်တွင် တစ်မြို့နယ်လုံး ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ အားလုံးနုတ်ထွက်သွားကြပြီဖြစ်ပြီး အခြေခံ အုပ် ချုပ် ရေးယန္တရား အားလုံး ရပ်ဆိုင်းသွားပြီဖြစ်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s