မအူပင်တွင် PDF နှင့်ဆက်နွှယ်သည်ဟုစွပ်စွဲကာ ဒေသခံ ၁၄ ဦးကို စစ်အုပ်စု ဖမ်းဆီး

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ဒေသခံပြည်သူ ၁၄ ဦးကို PDF အဆက်သွယ်ရှိတယ်ဆိုပြီး စစ်အုပ်စုဘက်က စွပ်စွဲဖမ်းဆီးသွားပါတယ်။

မနေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်ပြီး  အိမ်ထဲမှာရှိတဲ့ ဖုန်းတွေသိမ်း၊ ပစ္စည်းတွေကို ဖျက်ဆီးပြီး ဒေသခံတချို့ကို PDF အ ဆက်သွယ်ရှိတယ်ဆိုကာ ဖမ်းဆီးသွားတာလို့  ဒေသခံတွေက ပြောပါတယ်။

“အမှတ် ၁ နဲ့ ၂ ရပ်ကွက်တွေမှာ အဖမ်းခံရတာများတယ်။ ဝါးပွဲရုံက အလုပ်သမားတွေပါ အဖမ်းခံရတာ။ ဝန်ထမ်း မိသားစုလည်းပါတယ်။ ခုက ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ပုံစံဖြစ်နေတာ။ ဟုတ်တာ၊ မဟုတ်တာ ခဏထား၊ ပိုက်ဆံပေးရင်တော့ ပြန်လွှတ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မအူပင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရ သူ ၁၀၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s