မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ရှိ စစ်ဘေးရှောင်စခန်းက ဒုက္ခသည် ကြိုးဆွဲချသေဆုံး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်း (Champhai) မြို့ရှိ စစ်ဘေးရှောင်များ ခိုလှုံရာစခန်း( Holy Cross) တွင် နေထိုင်သည့် အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးကြောင်း ၎င်းနှင့် ရင်းနှီးသူများထံက သိရသည်။

တွန်းဇံမြို့နယ် (Ronzang ) ကျေးရွာမှ စစ်ဘေးရှောင်လာသည့် အသက် ၃၆နှစ်အရွယ် ခန်ဇာကင်မ် (Khen Zam Kim)သည် အောက်တိုဘာ ၃ရက်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်သည်။

”သူနဲ့ ကျွန်တော်က တစ်မြို့တည်းနေတဲ့ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါ။ ကျွန်တော် နေတဲ့ဒီ စစ်ရှောင်စခန်းကို သူဝင်လာတဲ့အချိန်မှာ ကျွန်တော်က မရှိဘူး။ အစည်းအဝေးသွားတက်နေတယ်။ တကယ်လို့ သူ ကျွန်တော်နဲ့တွေ့ရင် သူ့မှာကြုံတွေရတဲ့ အခက်အခဲတွေ ဒုက္ခတွေကို တတ်နိုင်သလောက် ကျွန်တော် အကူအညီပေးနိုင်မှာ၊ သူ့ကို အားပေးနိုင်မှာ အဲဒါဆို အခုလို ဖြစ်မှာမဟုတ်ဘူး။ သူစိတ်ပျက်လို့ ၊ စိတ်ဓါတ်ကျလို့ ဒီလိုလုပ်သွားတာဖြစ်မှာ” ဟု ၎င်း၏ မိတ်ဆွေဖြစ်သူ ဇိုးမူမွန်းက (Zo Mu Mung) မဇ္စျိမ ကိုပြောသည်။

သေဆုံးသူသည် ယခင်က လွှဆွဲသည့် အလုပ်လုပ်ကိုင်ပြီး ဇနီးနှင့် သားသမီး သုံးယောက်ကျန်ရစ်သည်။ ၎င်းသည် မီဇိုရမ်သို့ တိမ်းရှောင်လာသည်မှာ တစ်လခန့်သာရှိပြီး အိမ်ထောင်ရေးအဆင်မပြေကြောင်း သိရသည်။

၎င်း၏ နာရေးကိစ္စကို Zomi Welfare Committee နှင့် Young Mizo Association (Champhai)တို့က ဆောင်ရွက်ပေးခဲ့သည်။

ကျန်ဖိုင်း (Champhai) မြို့သည့် အိန္ဒိယ – မြန်မာ နယ်စပ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်ဘေးရှောင်အများအပြား နေထိုင်လျက်ရှိသောမြို့ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s