မြန်မာပြည်သူများအတွက် ရည်ရွယ်၍ အိန္ဒိယနိုင်ငံ၌ ပြုလုပ်သည် ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ရူပီး ၈သိန်း (မြန်မာငွေကျပ် သိန်း၂၀၀) ရရှိထား

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇော မြို့ အခြေစိုက် Glory Mizo Channel မှ ကမကထပြုလုပ်ပြီး မြန်မာပြည်သူများအတွက် ရည်ရွယ် ၍ စေတနာ ဓမ္မဂီတာ ရန်ပုံငွေဖျော်ဖြေပွဲကို ကျင်းပရာ ရူပီး ၈သိန်း (မြန်မာငွေ သိန်း၂၀၀) ရရှိထားကြောင်း Glory Mizo Channelက သိရသည်။

ယင်းဖျော်ဖြေပွဲကို အွန်လိုင်း မှတစ်ဆင့် အောက်တိုဘာ ၄ ရက် မနက်ပိုင်းကကျင်းပခဲ့ခြင်းဖြစ်ပြီး အလှူငွေကို အောက်တိုဘာ ၁၀ရက် အထိ ကြေညာထားသည့် ဘဏ်စရင်းများမှတစ်ဆင့် လက်ခံသွားမည်ဖြစ်သည်။ ယင်းပွဲကို Zofate Gospel Charity for Myanmar, North America – International Focused ခေါင်းစဉ်ဖြင့် မြောက်အမေရိကနှင့် နိုင်ငံတကာကို ရန်ပုံငွေကောက်ရန်ရည်ရွယ်ပြီး ကျင်းပခဲ့ကြခြင်းဖြစ်သည်။

”လွန်ခဲ့တဲ့ရက်အနည်းက စစ်ကောင်စီက ထန်တလန်မြို့ကို အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်။ အသင်းအုပ်ဆရာ တစ်ယောက် ပစ်သတ်ပြီး လက်စွပ်ပါချွတ်ယူတယ် ။ ဟားခါးမှာ လည်းတိုက်ပွဲတွေနဲ့ကြုံ နေရတယ်။ အဲဒီလိုပဲ အခြားမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ လူတွေ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်။ အဲဒါတွေကို ကူညီဖို့က ကျွန်တော်တို့တာဝန်ဖြစ်တယ် ။

ထမင်းက တစ်ခါစားယုံနဲ့ ပြီးသွားတဲ့ဟာမျိုးမဟုတ်ဘူး ။ နေ့တိုင်း ပြန် ပြန်စားနေရတယ် ။ အဲဒီလိုမျိုးပဲ။ အကူအညီပေးတယ်ဆိုတာလည်း တစ်ခါထဲနဲ့မလုံလောက်ဘူး ။ ထပ်ခါထပ်ခါ ကူညီနေကြဖို့လိုပါတယ်” ဟု ပွဲတော် ဦးဆောင် ကျင်းပသူ Dr.Dennis Ramdinmawia က ဖျော်ဖြေပွဲအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဓမ္မဂီတ ရန်ပုံငွေ ဖျော်ဖြေပွဲတွင် မီဇိုရမ်ရှိ နာမည်ကျော် ဓမ္မတေး အဆိုရှင်များအပြင် နိုင်ငံတကာ ရောက် ချင်းအဆိုတော်များမှ မီဇိုး၊ ဟာခါး၊ ဖလမ်း၊ တီးတိန် ဘာသာစကားများဖြင့် သီချင်းများသီဆို ဖျော်ဖြေခဲ့ကြသည်။ ယခုပွဲမှ ကောက်ခံရရှိမည့် ရန်ပုံငွေများကို ချင်းခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၁၅ရက်ကလည်း Zofate Gospel Charity for Myanmar ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ပွဲတွင် ရူပီး ၄၆သိန်း (မြန်မာငွေ ကျပ်သိန်း တစ်ထောင့်တစ်ရာကျော်) ရှိခဲ့သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s