ရေနံချောင်း၊ ရွာသစ်ရပ်ကွက် ဒလန်အုပ်ကြီး ဦးမောင်ကို သေနတ်ဖြင့် ၂ ချက်ပစ်ခံရပြီး မကွေးဆေးရုံမှာ အတွင်းလူနာဖြစ်နေ၊ စစ်ကောင်စီမှ လူငယ် ၂ ဦးအား ဖမ်းဆီးထား

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်ကိုသည် အောက်တိုဘာလ ၄ ရက်တွင် သေနတ်ဖြင့် ၂ ချက်ပစ်ခံရပြီး မကွေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသည်ဟု သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ရွာသစ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်များအား ဝင်ရောက်ရှာဖွေပြီး လူငယ် ၂ ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများမှ ပြောသည်။

“ရေနံချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပျောက်ကြားအဖွဲ့က လုပ်ဆောင်တာဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ ရေနံချောင်းမြို့နယ်မှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှုးတွေကို စကစ အုပ်ချုပ်ရေးယန္တရားကနေ နုတ်ထွက်ဖို့ အကြိမ်ကြိမ် သတိပေးပေမယ့် ဆက်လုပ်လုပ်ဆောင်နေကြတဲ့အတွက် အခုလိုလုပ်ဆောင်တာပါ။ ကံမကောင်းစွာနဲ့ ရွာသစ်အုပ်ချုပ်ရေးမှူး အသက်မသေဘဲဖြစ်ရတာပါ” ဟု ရေနံချောင်း PDF မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s