ရေနံနှင့် သဘာဝဓတ်ငွေ့ကုမ္ပဏီကြီးများမှ အာ ဏာသိမ်း စစ်အုပ်စုထံ ငွေကြေးလွှဲပြောင်းပေးမှုများအား တားဆီးပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ တိုက်တွန်းတောင်းဆိုသည့် ကမ်ပိန်း စတင်

နိုင်ငံတကာ ရေနံကုမ္ပဏီများမှ အကြမ်းဖက်စစ်တပ်သို့ ငွေကြေးလွှဲပြောင်း ပံ့ပိုးနေမှုများ ရပ်တန့်နိုင်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံ လက်မှတ်ရေးထိုး တိုက်တွန်း တောင်းဆိုသည့် အွန်လိုင်း လှုပ်ရှားမှုတစ်ခုကို အမေရိကန်အခြေစိုက် လူမှုအဖွဲ့အစည်းများက စတင်လှုံ့ ဆော်နေပြီဖြစ်သည်။

နိုင်ငံတကာပညာရှင်များ၏ သုံးသပ်ချက်များတွင်လည်း ၁၉၈၈ အာဏာရှင်တော်လှန်ရေးမှသည် လက်ရှိအကြမ်းဖက် ဖက်စစ် စစ်ကောင်စီအထိ စစ်အာဏာရှင် အဆက်ဆက် သက်ဆိုးရှည်နေခြင်းတွင် နိုင်ငံတကာရေနံနဲ့ သဘာ၀ဓတ်ငွေ့ကုမ္ပဏီကြီးများ၏ ထောက်ပံ့မှုများက အဓိကကျကြောင်း အလေးထား ဖော်ပြကြသည်။အမိန့်မနာခံ၊ အာခံသော လှုပ်ရှားမှုဖြစ်သည့် CDM movement အပါ အဝင် နည်းလမ်းပေါင်းစုံနှင့် တော်လှန်နေကြသော ပြည်သူများကြောင့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် နိုင်ငံကို အုပ်ချုပ်၍မရအောင် အ ထိနာနေချိန်တွင်၊ ၄င်းတို့ အသက်ဆက် ဆက်လက်အုပ်ချုပ်နိုင်ရန်အတွက် ရေနံ သဘာဝဓတ်ငွေ့ တူးဖော်ရောင်းချခြင်းမှ ဝင်ငွေများ ဆက် လက်ရရှိရေးသည် အဓိကကျနေဆဲ ဖြစ်သည်ကို တွေ့ရသည်။Chevron သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံထားသည့် အကြီးဆုံး အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ Total , PTT၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့နှင့် ပူးပေါင်းကာ ရတနာဓာတ်ငွေ့လုပ်ကွက် နှင့်ပိုက်လိုင်းတို့ကို ပိုင်ဆိုင် လုပ်ကိုင်နေသည်။

ရတနာ ရေနံနှင့် သဘာဝဓတ်ငွေ့ စီမံကိန်းသည် ၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်းကာလများတွင် စစ်တပ်ဝင်ငွေ၏ ၇၀ ရာခိုင် နှုန်း ကိုရှာဖွေပေးသည့် အကြီးမားဆုံး ၀င်ငွေရင်းမြစ်တစ်ခုလည်း ဖြစ်သည်။ထို့ပြင် Chevron သည် အမေရိကန်အစိုးရ၏ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို တားဆီးနိုင်ရန် ၎င်း၏ အင်အားနှင့် နက်နဲရှုပ်ထွေးသည့် လောဘီယန္တရားကို အသုံးပြုခဲ့သည်ကို တွေ့ရှိရပြီး ၊ အဆိုပါ စည်းရုံးလှုံ့ဆော်ပေးမှုသည် မြန်မာ့စစ်တပ်အတွက် အရေးပါသော အကူအညီတစ်ခု ဖြစ်စေခဲ့သည်။၂၀၂၁ ခုနှစ်ဧပြီလ အတွင်း Jeff Merkley (D, Oregon) နှင့် Marco Rubio (R, Florida) တို့ ဦးဆောင်သော အမေရိကန်လွှတ်တော်အမတ်များက မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အရေးယူပေးရန် သမ္မတ Joe Biden ထံ တောင်းဆိုခဲ့သော်လည်း ယခုထိ အကောင်အထည် ပေါ်လာခြင်း မရှိသေးပေ။သဘာဝဓတ်ငွေ့ရောင်းချခြင်း လုပ်ငန်းများမှ MOGE သည် နှစ်စဉ် အမေရိကန်ဒေါ်လာ သိန်းပေါင်း ၁ သောင်းကျော် ရရှိနေပြီး၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းချခြင်းမှ ရရှိသော ဝင်ငွေများကို လက်ဝါးကြီးအုပ် ထိမ်းချုပ်ထားသည်။CHEVRON အပါအဝင် နိုင်ငံတကာရေနံ သဘာဝဓတ်ငွေ့ကုမ္ပဏီကြီးများမှ အကြမ်းဖက် စစ်တပ်သို့ ငွေကြေးစီးဆင်း ထောက် ပံ့နေမှုများကို တားဆီးပေးနိုင်ရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ထံ တိုက်တွန်းတောင်းဆိုမှုတွင် ပါဝင်ထောက်ခံလိုပါက အောက်ဖော် ပြပါ website link တွင် လက်မှတ်ရေးထိုး ပါဝင် တောင်းဆိုနိုင်ပါသည်။

လက်မှတ်ထိုးရန် Petition Linkhttps://bit.ly/sanctionMOGE

မှတ်ချက် – လက်မှတ်ထိုးရန် အီးမေးလ် လိပ်စာတစ်ခု နှင့် Zip code လိုအပ်ပါသည်။Zip Code သည် မိမိနေထိုင်ရာ မြို့နယ်အလိုက် ကွဲပြားနိုင်ပါသည်။ မိမိမြို့နယ်၏ Zip Code /Postal Codeကို Myanmar Postal Code ရိုက်ပြီး Google တွင် ရှာနိုင်သလို၊ ရှာဖွေရန်အခက်အခဲ ရှိသူများအနေနှင့် 11111 ကို အလွယ်တကူ ဖြည့်ပို့ နိုင်ပါသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s