Monthly Archives: Oct 2021

မင်းတပ်မှ ဒေသခံများ စစ်ကောင်စီ စစ်ဆေးမှုခံရချိန် ဖုန်းထဲတွင် အိမ်ပျက်စီးသည့် ဓာတ်ပုံများရှိနေ၍ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပ ဒေပုဒ်မဖြင့် ထောင်ချခံရ

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေး၊ ဖမ်းဆီးခြင်း ခံရသူ‌ ဒေသခံ အများစုသည် ၎င်းတို့၏ လက်ကိုင်ဖုန်းထဲတွင် အိမ်ပျက်စီးသည့်ပုံများ၊ အချက်အလက်များ၊ ဓါတ်ပုံများရှိ‌ေနခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၎င်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ – ၅၂(က)ဖြင့် စွဲချက်တင်ကာ ပခုက္ကူထောင်သို့ ချက်ခြင်းပို့ဆောင်သည်ဟု ဒေသခံများထံက သိရသည်။

ဖမ်းဆီးခံရသူများသည် သတင်းအရဝင်ရောက်ရှာဖွေရာမှ ဖမ်းမိခြင်းမျိုးမဟုတ်ဘဲ အများစုမှာ လမ်းသွားရင်း မသင်္ကာသဖြင့် ဖုန်းကို စစ် ဆေးခံရခြင်းကြောင့် ဖမ်းခံရသူများ ဖြစ်သည်ဟု သိရသည် ”ကျွန်တော့် မိတ်ဆွေတစ်ယောက်ဆိုရင် သုံးဘီးဆိုင်ကယ်မောင်းတယ်။ သူ့အိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေကပစ်တဲ့ လက်နက်ကျည်ဆန်ကျတယ်။

အိမ်တွေ ပျက်စီးတာတွေကို ဖုန်းနဲ့ဒီတိုင်းလျှောက်ရိုက်ထားတာပဲ။ အဲဒါကို ထောင် ခုနှစ် နှစ်ချပြီး ပခုက္ကူထောင်ကို ပို့လိုက်တယ်ဗျ။ နောက်တစ်ယောက်ဆိုရင်လည်း ဖုန်းထဲမှာသေနတ်ပုံတွေ့လို့ဆိုပြီး ထောင်ခုနှစ် နှစ်ချလိုက်တယ်”ဟု မင်းတပ်မြို့ပေါ် နေသူတစ်ဦးက ပြောသည်။ မင်းတပ်မြို့ပေါ်တွင်ဖမ်းဆီးမိသူများကို (၂၇၄) တပ်ရင်းတွင်ထားရှိပြီး နှိပ်စက်မှုများရှိသည်ဟုလည်း သိရသည်။

”သူတို့ကို ရိုက်စစ်တယ်လို့ ပြောတယ်။ ကျွန်တော်မိတ်ဆွေဆိုရင် နားကောင်းကောင်း မကြား ရတော့ဘူး။ သူကလည်း သူ့အိမ်ပျက်စီးတာကို ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ်တင်လို့ဆိုပြီး ထောင်ချလိုက်တာပဲဗျာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။မင်းတပ်တွင်ဖမ်းဆီးမိသူများကို (၂၇၄) တပ် ရင်းတွင် စစ်ကြောရေးဝင်ပြီးနောက် မြို့မရဲစခန်းသို့ပို့ဆောင်ပြီး ရုံးမထုတ်ဘဲ ပုဒ်မတပ်ကာ ပခုက္ကူထောင်သို့ ပို့ဆောင်ကြသည်ဟုလည်း သိရသည်။

ပုဒ်မ ၅၂ (က)သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြစ်ပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင် ဒဏ်သုံးနှစ်မှ အများဆုံးထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ၂၀၁၄ ခုနှစ်က ပြဌာန်းထားသော်လည်း စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဩဂုတ်လ ၁ ရက်နေ့တွင်ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့သည်။mizzima

စစ်အာဏာရှင်အမြစ်ဖြတ်ရန်နှင့် ပြည်သူလူထုအား ကာကွယ်ရန် ဖွဲ့စည်းဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ဖြတ်ရန်နှင့် ပြည်သူလူထုအား ကာကွယ်ရန် စနစ်တကျဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာလ ၄ ရက်တွင် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

“ဖွဲ့စည်းရတဲ့ အ‌ကြောင်းအရင်းကတော့ ပြည်သူအားလုံး သိတဲ့အတိုင်းပါပဲ၊ စစ်အာဏာရှင်တွေကို အမြစ်ဖြတ် တော်လှန်ဖို့နဲ့ ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ အော်ပရေးရှင်းလုပ်မယ့်အဖွဲ့ကို စနစ်တကျဖြစ်အောင် ဖွဲ့စည်းလိုက်တယ်၊ ကျနော်တို့ စတင်လုပ်လာတာကတော့ ၄ လပိုင်းလောက်ကတည်းကပါ”ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ အားလုံးခက်ခဲနေကြတဲ့အချိန်မှာ ကူညီပံ့ပိုးပေးကြသည့် ပြည်သူများအား ကျေးဇူးတင်ကြောင်း ဆက်လက်ပြောဆိုသည်။

“ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ အခုလိုအနေအထားကို ရောက်လာတာပါ။ အားလုံးခက်ခဲ‌‌နေကြတဲ့အချိန်မှာ ထမင်းတစ်နပ်၊ ဖိနပ်တစ်ရံ၊ ဝတ်စုံတစ်စုံ ရဖို့ မလွယ်ကူပါဘူး။ အခုလို အခက်အခဲကြားက ကူညီကြတာကို အရမ်းကျေးဇူးတင်ပါတယ်၊ ကျတော်တို့ PDF ညီနောင်တွေ ပြည်သူလူထုကို အစွမ်းကုန် ကာကွယ်ကြမှာပါ” ဟု အင်းတော် PDF မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။khit thit

နိုင်ငံ့ခေါင်းဆောင် ၃ ဦးကို တရားစွဲဆိုခဲ့သည့် ၅၀၅(ခ)အမှုအတွက် တစ်ဦးချင်း သီးခြားစစ် ဆေးရန် အထူးတရားရုံးဆုံးဖြတ်

နိုင်ငံ့ခေါင်းဆောင်သုံးဦးဖြစ်သည့် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့၏ ပုဒ်မ ၅၀၅(ခ)အမှုအတွက် တစ်ဦးချင်း သီးခြားစစ်ဆေးရန် ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း ရှေ့နေအဖွဲ့၀င် ဦးခင်မောင်ဇော်က မဇ္စျိမကို ပြောသည်။

ယနေ့ နိုင်ငံ့ခေါင်ဆောင်သုံးဦး၏ ဒုတိယရက်မြောက် ရုံးထုတ်စစ်ဆေးမှုတွင် မှုခင်းဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်(CMP) တစ်ခု ပြုလုပ်၍ ဆုံး ဖြတ်ချက် ချမှတ်လိုက်ခြင်းဖြစ်သည်။

စွပ်စွဲခံရသူ သုံဦးတို့ကို တစ်ဦးချင်း သီးခြားစစ်ဆေးရန် ဆုံးဖြတ်ရာတွင် နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်အား သက်သေ(၁)အဖြစ်သတ်မှတ်ပြီး အောက်တိုဘာ ၁၂ ရက် သို့လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သက်သေ(၂) အဖြစ် အောက်တိုဘာ၂၆ ရက် သို့လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်အား သက်သေ (၃) အဖြစ် နို၀င်ဘာ ၂ ရက်တွင် လည်း ကောင်း အသီးသီး စစ်ဆေးသွားမည်ဖြစ်သည်။

ယနေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က သူ့အားစွဲဆိုထားသော အမှုများနှင့် ပတ်သက် ၍ နှစ်ပတ်ခြား တစ်ကြိမ်စစ်ဆေးပေးရန် လျှောက်ထားသော လျှောက်လွှာကို တရားသူကြီးထံ တင်ပြခဲ့ပြီး ယင်းကိစ္စအတွက် အောက်တိုဘာ ၁၂ ရက်တွင် ဆုံးဖြတ်ချက် အမိန့်ချမှတ်သွားမည်ဖြစ်သည်။

ယင်း အမှုအတွက် စွပ်စွဲခံရသူများဘက်မှ တစ်ဦးချင်း ကိုယ်တိုင် သက်သေ ထွက်ဆိုသွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။ စစ်ကောင်စီက နိုင်ငံ့‌ခေါင်းဆောင် သုံးဦးအပေါ် ဆူပူအောင်လှုံ့ဆော်စေမှု ၅၀၅(ခ) ဖြင့် တရားစွဲဆိုခြင်းသည် စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါ ရီ ၇ ရက်နှင့် ၁၃ ရက်တို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့သည့်ထုတ်ပြန်စာ နှစ်စောင်နှင့် ပတ် သက်၍ တာ၀န်ရှိသည်ဟုဆိုကာ စွဲဆိုခဲ့သည့် အမှုတစ်မှု ဖြစ်သည်။mizzima

ဒေးဒလူကျေးရွာမှ ရာအိမ်မှူး ရာထူးမှနုတ်ထွက်စာတင်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ၊ ဒေးဒလူကျေးရွာရှိ ရာအိမ်မှူး ဦးအောင်ဌေးသည် အောက်တိုဘာလ ၄ ရက် ရက်စွဲဖြင့် ရာအိမ်မှူးရာထူးမှ နုတ်ထွက်စာတင်ခဲ့သည်ဟု ဒေသခံများ ထံကသိရသည်။

အဆိုပါ နုတ်ထွက်စာထဲတွင် “ကျန်းမာရေးမကောင်းပါသဖြင့် ကျေးရွာ၏ တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်တော့ပါ၍ ရာအိမ်မှူးတာဝန်များအား (၅.၁၀.၂၀၂၁) မှစ၍ ရပ်ဆိုင်းနုတ်ထွက်ခွင့်ပြုပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်”ဟု ကျန်းမာရေး အကြောင်းပြ ရေးသားပြီး နုတ်ထွက်ခွင့်တောင်းထားသည် ကိုတွေ့ရသည်။

ဖျာပုံမြို့၊ အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှုး ဦးချိုပု ဆိုသူသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပေါင်ကျည်ထိမှန်ခဲ့သည့်ဖြစ်ရပ်နှင့် ဖျာပုံမြိုနယ် ကျွန်းတောလမ်းနှင့် (၉) လမ်းထောင့်တွင် နေထိုင်သူ အောင်ကြီး (ခေါ်) မင်းသားကြီး ဆိုသူကို မြို့ပြ ပြောက်ကျားအဖွဲ့များက ရှင်းလင်းခဲ့ပြီးနောက် ပိုင်း ယခုကဲ့သို့ နုတ်ထွက်စာတင်လာသူအချို့ရှိ‌ နေသည်ဟုသိရသည်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဖျာပုံမြို့နယ်အတွင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားအဖွဲ့နှင့် ဖျာပုံ မြို့ပြပြောက်ကျားအဖွဲ့ နှစ်ဖွဲ့က ဗုံး‌ေဖာက်ခွဲမှု ရှစ် ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ရဲသတင်း ပေး ဒလန်တစ်ဦးကိုလည်း ရှင်းလင်းခဲ့သည်ဟု အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။mizzima

ဒီးမော့ဆိုတွင် အကြမ်းဖက် စစ်ကောင်စီတပ်များက ပြည်သူပိုင် နေအိမ်များကိုပါ လက် နက်ကြီးများဖြင့် ပစ်ခတ် ချီတက် လာခြင်းကြောင့် နေအိမ် ၃လုံး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရ

ကယားပြည်နယ် ဖရုဆိုဘက်သို့ ခြေလျင်/ကားများဖြင့် ယနေ့ အောက်တိုဘာလ ၅ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ် ကြောင်းထိုးအင်အားဖြည့်တင်းလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်လမ်းရှင်းရာတွင် ဒီမော့ဆို မြို့နယ်ရှိ ပြည်သူပိုင် နေအိမ် ၃လုံးပေါ် လက်နက်ကြီး ထိမှန်ခဲ့ပြီး ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရသည်။

“ယမန်နေ့(၄.၁၀.၂၁) လွိုင်ကော်ဘက်မှဆင်းလာသော စကစများသည် ငွေတောင်ကိုနေရာယူပြီး ယနေ့ညနေ(၅.၁၀.၂၁)တွင် ဖရုဆိုဘက်သို့ ခြေလျင်/ကားဖြင့် စစ်ကြောင်းထိုးအင်အားဖြည့်တင်းလာခဲ့သည်။

ထိုနောက် စကစဘက်မှ တာဝေးပစ်လက်နက်ကြီးအားကိုးပြီး ရမ်းသမ်း ပစ်ခတ် လမ်းရှင်းလင်းရာမှ ဒီမောဆိုမြို့နယ် ပြည်သူ့အိုးအိမ်သုံးလုံး ထိခိုက်ပျက်စီးပြီး ပြည်သူတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။khit thit

စစ်ကောင်စီ တပ်များက KNU ထိစပ်ဒေသများမှ လူငယ်များတောင်း

ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာအုပ်စုတစ်စုလျှင် လူငယ် အယောက် ၃၀ စီ ပေးရန် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက တောင်းဆိုမှုများရှိသည် ဟု ညောင်လေးပင်ခရိုင်ရှိ ဒေသခံများနှင့် KNU က ပြောသည်။ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ရွှေကျင်နှင့် မုန်းမြို့နယ်အတွင်းက ကျေး ရွာအုပ်စုများရှိ ဒေသခံ လူငယ်များကို ပေးရန် စစ်ကောင်စီဖက်က ပြောဆိုလာကြောင်း ဒေသခံများက ပြောသည်။ညောင်လေးပင်ခရိုင်ရှိ ဒေ သခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ကျနော်တို့ မုန်းဒေသ၊ ဒီနတ်သံ ကွင်းတို့ အုပ်စုမှတော့ ကျနော်တို့ တောင်းတယ်လို့ ကြားတာပဲ။ ဒီဖက် အခုနက ရွှေကျင်ဖက်ခြမ်းမှာလည်း ကြားတယ် ဟု ပြောသည်။

စစ်ကောင်စီဘက်က တောင်းဆိုမှုနှင့် ပတ်သက်၍ KNU က စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့များသည် ကေအဲန်ယူ-ဆောထိမြို့နယ်မှ အင်းကြိုက်၊ ထမင်း ရုံ၊ အောဖလား နှင့် တံတားကျိုး ကျေးရွာများ အတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာအုပ်စုတစ်အုပ်စုတွင် လူငယ် ၃၀ ဦး ပေးဆောင်ရန် ဆင့်ခေါ်ခဲ့ပါသည်။

ကျေးရွာအုပ်စု တစ်အုပ်စုမှ လူငယ် (၃၀) ဦးမပေးဆောင်လျှင် လိုက်လံဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ပြော ဆိုခဲ့ကြောင်း စက်တင်ဘာလ ၄ ရက် (ယမန်နေ့) တွင် ထုတ်ပြန်ထားသည်။ထိုသို့ ပြောဆိုမှုများရှိနေရသော်လည်း လက်ရှိအချိန်ထိ စစ်ကောင် စီဖက်မှ အကောင်အထည် ဖော် လုပ်ဆောင်မှုများကို မတွေ့ရသေးကြောင်း ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။၎င်းက ဒီဖက် ဒီရွှေကျင်ဘက်ခြမ်းမှာလည်း ကြားနေရတယ်။

အဲ့လိုခေါ်တာပေါ့နော်။ ဒါပေမယ့် တကယ်တော့ လက်တွေ့မှာတော့ သူတို့ လုပ်တာ မရှိသေးဘူးပေါ့နော။ တစ်နေရာ နှစ်နေရာမှာတော့ သူတို့ တောင်းတာ ကြားတယ်။ ဒီဖက်မှာတော့ ကျနော်တို့ ကြားတာပဲ။ ကြားတဲ့ အပေါ်မှာ တကယ်တော့ သူတို့ လုပ်တာတော့ မတွေ့ သေးဘူး ဟု ပြောသည်။လက်ရှိ စစ်ကောင်စီအား လူငယ်များပေးရန် တောင်းထားသည့် နယ်မြေများသည် စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ တို့ နှစ်ဖက်ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်ဟု ညောင်လေးပင်ခရိုင်ရှိ ဒေသခံ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ က ဆက်ပြောသည်။

“နှစ်ဖက် ထိန်းချုပ်နယ်မြေအပေါ်မှာလည်းပဲ သူတို့ ချိန်ဆပြီးတော့ လုပ်နေတဲ့ သဘောတော့ ရှိတယ်။ ဒါပေမယ့် ပြောတာကတော့ ကြားတယ်။ အဲလိုတောင်းတာ ၁၅ ယောက်တို့ ၃၀ တို့ ဆိုတာမျိုး အဲ့ဖက်တွေမှာ သူတို့ အစီအစဉ်တော့ရှိတယ်။ ဒါပေမယ့် အတင်းအဓမ္မလုပ်တဲ့ အနေအထားတစ်ခုကတော့ မရှိသေးဘူးပေါ့နော်။ အဲဒီကိစ္စကတော့ ခုနပြောသလိုပေါ့ နှစ်ဖက် ထိန်းချုပ်တဲ့ နေရာက ဟိုဖက်လည်း လက် လှမ်းမှီတယ်။ ဒီဖက် လည်း လက်လှမ်းမှီတယ်။

သူတို့အရမ်းလည်း မလုပ်ပါဘူး။ ဒါပေမယ့် နောက်ဆုံး သူတို့ အခြေအနေတစ်ခု အပေါ် မှာ လုပ်ကောင်းလုပ်နိုင်တယ်။ ဒါပေမယ့် ပြောတာကတော့ ကြားတယ်။ အဲ့သလို” ဟု ပြောသည်။

စစ်ကောင်စီတပ်များက ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာအုပ်စုများမှ လူငယ်များကို ပေးဆောင်ရန် ပြောဆိုနေသကဲ့သို့ ကယားပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဒေသခံများကို ဖမ်းဆီးကာ ပစ္စည်းများကို သယ်ခိုင်းခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းနှင့် အသုံးပြုလူသားဒိုင်းသဖွယ်မှုများကို လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်နေ့အတွင်းကလည်း ညောင်လေးပင်ခရိုင်အတွင်းက တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြသည်ဟု ကရင်လူမှုရေးရာ တာဝန်ရှိသူက ပြော သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပြည်နယ်နှင့် တိုင်းဒေ သကြီး တိုင်းလိုလိုတွင် စစ် ကောင်စီတပ်နှင့် ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ ကြားတွင်သော်လည်းကောင်း၊ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စစ်ကောင်စီတပ်တို့အကြားတွင်းသော်လည်းကောင်း တိုက်ပွဲဖြစ်ပွား လာခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေရာတိုင်းတွင် လုပ်ဆောင်နေသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုထားသည်။mizzima

ကျောက်မဲမြို့ မန်ခါဘုန်းကြီးကျောင်းကို စစ်ရှောင်များထပ်ရောက်၊ စားနပ်ရိက္ခာ အကူအ ညီ လိုအပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က မန်ခါဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နေ့က စစ်ဘေးရှောင် ပြည်သူ အယောက် ၂၀ ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးက “စစ်ရှောင်တွေအ​ယောက် ၂၀ ထပ်ရောက်တယ်။ ဆန်၊ ဆီ၊ ဟင်းချိုမှုန့်၊ ဟင်းသီး ဟင်းရွက်တွေ ကုန်ခါနီးပြီ၊ နောက်ထပ်ရောက်လာတော့ အစားအသောက် အတော်လေး ခက်ခဲတယ် ” လို့ ပြောပါတယ်။

ကျောက်မဲမန်ခါဘုန်းကြီးကျောင်းကို ပန်ဟုန်းရွာနဲ့ လွယ်ကုန်ရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး တိုက်ပွဲအခြေအနေ မငြိမ်သေးတာကြောင့် နေရပ်ပြန်မရသေးဘူးလို့ သိရပါတယ်။

“နေတာက ဘုန်းကြီးကျောင်းမှာနေရတော့ နေစရာက အခက်ခဲမရှိဘူး၊ ကျန်းမာရေးတွေ လည်း ကောင်းကြတယ်၊ တိုက်ပွဲကမငြိမ်သေးတော့ ပြန်လို့မရသေးဘူး၊ လူကများလာတော့ စားနပ်ရိက္ခာ အခက်အခဲပဲရှိတယ်။ သယ်ယူရေးကလည်း လွယ်ကူပါတယ်” လို့ စစ်ဘေးရှောင်က ဆိုပါတယ်။

အဆိုပါရွာအနီးမှာ တိုက်ပွဲဖြစ်နေတာ တစ်လကျော်ကြာပြီဖြစ်ပြီး စစ်ရှောင်တွေဟာ လွယ်ကုန်ရွာက ပြည်သူတွေများပြီး ကျား ၈၉ ဦး မ ၁၂၅ ဦးရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) + တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်တို့ကြား နယ်မြေစိုးမိုးရေးပြဿနာကြောင့် တိုက်ပွဲဖြစ်ပွားနေတာပါ။DVB

မြန်မာအစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြု့ရန် NUG သာလျှင်သင့်တော်ဟု ကုလ သမဂ္ဂသံ တ မန်ဟောင်း ၃ ဦးဖြင့်ဖွဲ့စည်းထားသော SAC-M ပြောဆို

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ်သတ်မှတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သာလျှင်သင့်တော်ကြောင်း စာတမ်းတစ်စောင်ထုတ်ပြန်ထားပါတယ်။

အစိုးရအဖြစ်အသိအမှတ်ပြု့ဖို့ လိုအပ်တဲ့ နိုင်ငံတကာဥပဒေတွေ၊အလေ့အထတွေ၊ စံသတ်မှတ်ချက်တွေနဲ့ တိုက်ဆိုင်ဆန်းစစ်တဲ့အခါမှာ အ မျိုးသားညီ ညွတ် ရေးအစိုးရ (NUG) က လိုအပ်ချက်တွေပြည့်စုံနေတယ်လို့ SAC-M ကဆိုပါတယ်။သြဂုတ်လ ၂၃ရက်မှာထုတ်ပြန်ခဲ့တဲ့ အဆို ပါ စာတမ်းမှာ အာဏာသိမ်းမှုဖြစ်ပွားပြီး ၆လတာကာလ (သြဂုတ်လအထိ) ကြာမြင့်လာချိန်အထိ အာဏာသိမ်းစစ်အုပ်စု နဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ တည်ထောင်ခဲ့တဲ့အမျိုးသားညီ ညွတ် ရေးအစိုးရ (NUG) နှစ်ဘက်စလုံးအနေနဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု့ခြင်းမခံရသေးဘူးလို့ဆိုပါတယ်။

ယခုစာတမ်းမှာတော့ နိုင်ငံတကာက နိုင်ငံတွေအနေနဲ့ နိုင်ငံရေးဆန်းစစ်ချက်တွေပြုလုပ်ပြီး မြန်မာနိုင်ငံက အဖွဲ့အစည်းတစ်ရပ်ရပ်ကို အစိုးရအဖြစ်အသိအမှတ်ပြု့ကြရမယ်လို့ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ကတော့ ဒီမိုကရေစီနည်းလမ်းအရ တရားဝင်မှုလုံးဝမရှိသလို နိုင်ငံ တကာဥပဒေတွေနဲ့ လူ့အခွင့်အရေးဥပဒေတွေကို ကာလကြာရှည်ချိုးဖောက်ထားသူတွေဖြစ်တယ်လို့ SAC-M ကမှတ်ချက်ပြု့ထားပါတယ်။

အစိုးရတစ်ရပ်အား အသိအမှတ်ပြု့ခြင်းအ တွက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အနှစ်ချုပ်စာတမ်းမှာ နိုင်ငံတွေအနေနဲ့ အစိုးရတစ်ရပ်ကိုအသိအမှတ်ပြု့ရာမှာ အသုံးပြု့တဲ့စံနှုန်းတွေနဲ့ချိန်ထိုးလေ့လာဆန်း စစ်ထားပြီး မြန်မာနိုင်ငံအတွက် အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) သာလျှင် အစိုးရအဖြစ်သင့်တော်တဲ့အဖွဲ့အစည်းဖြစ်တယ်လို့အကြံပြု့ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကို မြန်မာနိုင်ငံအတွင်းစစ်တပ်ကအာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလထဲမှာ ဖွဲ့စည်းခဲ့ပြီး အဆိုပါကောင်စီမှာလွတ်လပ်တဲ့ နိုင်ငံတကာကပညာရှင်တွေပါဝင်နေပါတယ်။khit thit

« Older Entries Recent Entries »