ခင်ဦးမြို့နယ်၊ ငါန်းဇွန်းမြို့နယ်၊ ထီးချိုင့်မြို့ နယ်၊ မန္တလေးတို့တွင် ရာအိမ်မှူး၊ လက်နက် ကိုင်ပျူစောထီး နှင့် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ၈ ဦး အသတ်ခံရ

ခင်ဦးမြို့နယ်၊ ငါန်းဇွန်းမြို့နယ်၊ထီးချိုင့်မြို့နယ်၊ မန္တလေးတို့တွင် ရာအိမ်မှူး၊ လက်နက်ကိုင် ပျူစောထီးနှင့် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ၈ဦး အသတ်ခံရကြောင်း ဒေသခံများထံမှသိရှိရသည်။ စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံ ထားရသူ ငါးတင်းကြီးရွာသား ကျော်သူမိုးကို အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တောကြီးမြွေဟောက်အဖွဲ့က သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် စိုးမင်း၊ ကိုစိုးမျိုး ၊ဇော်သန်းတို့ကို အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီတွင် တောကြီးမြွေဟောက်အဖွဲ့ကပင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြေတိုင်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ ကျောင်းဆရာ အာနိုး(ခေါ်)သီဟနှင့် ကျောင်းဆရာမ မြသန်းဋ္ဌေး တို့ကို မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြင်းမှုလျှပ်စီးအဖွဲ့၊ MGN TIGER အဖွဲ့ ညီနောင်မဟာမိတ်သုံးဖော် ပူးပေါင်းသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်က စစ်ကောင်စီခန့်ရာအိမ်မှူး ဇော်မင်းကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်သတ်သွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ် ကမ်းနီရွာမှ စစ်ကောင်စီသတင်းပေး ဟု သတ်မှတ်ခံထားရသော ရဲဝန်ထမ်းဟောင်း ဦးရှမ်းကို အောက်တိုဘာလ ၅ ရက်နေ့ ည ၆ နာရီတွင် အမည်မသိသူတချို့က သတ်ဖြတ်သွားကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s