ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်က ရာအိမ်မှူးတယောက် အောက်တိုဘာ ၆ ရက် ဒီမနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ရာအိမ်မှူး ဦးဇော်မင်းဟာ ပြည်ကြီးတံခွန်မြို့နယ် ၁၁၅ လမ်းနဲ့ ၅၉ လမ်းထောင့်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့သေဆုံးသွားတာလို့  ဒေသခံတွေက ပြောပါတယ်။

“ချမ်းမြသာစည်က ရာအိမ်မှူး ဦးဇော်မင်း မနက် ၈ နာရီလောက်က သေနတ်ပစ်ခံရပြီး လဲကျ သေဆုံးနေတာတွေ့တယ်။ ဘယ်သူပစ်သွားလဲတော့ မသိလိုက်ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ရာအိမ်မှူးသေနတ်ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာကို   စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ရောက်ရှိလာပြီး စုံးစမ်းစစ်ဆေး မေးမြန်းနေပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း မန္တလေးမြို့နယ် မတ္တရာမြို့က လုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီး ဒလန်လို့ အမည်ထွက်နေတဲ့ ဦးစံလှကို  အမည်မသိအဖွဲ့က နောက်စေ့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပွဲချင်းပြီးသေဆုံးခဲ့ပါသေးတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s