ဂန့်ဂေါဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ယာဉ်တန်းအား YDF-gangaw မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီမှ ၄၀ ကျော် သေဆုံး၊ သံချပ်ကာ ၁ စီးနှင့် စစ်ကား ၅ စီး ပျက်စီး

မကွေးတိုင်း၊ ဂန့်ဂေါဘက်သို့ စစ်ကြောင်းထိုးလာသော အစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းအား အောက်တိုဘာလ ၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် YDF-Gangaw မှ ပဒေသာမိုင်း ၁၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သံချပ်ကာအမြှောက်ကား ၁ စီး၊ စစ်ကား ၅ စီး ပျက်စီးပြီး စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရသွားကြောင်း YDF မှ အတည်ပြု သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း YDF-Gangaw အနေဖြင့် အထိအ ခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ကြောင်း သိရသည်။လတ်တလော စစ်ရေးအခြေအနေအရ ဂန့်ဂေါ-ကလေးလမ်း၊ ဂန့်ဂေါ-ထီးလင်းလမ်း တလျှောက် ခရီးသွားလာခြင်းမပြုကြရန် ပြည်သူများအား YDF မှ အသိပေးထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s