ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းအား ပဒေသာဆွဲမိုင်း ၁၄ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ ၄၀ ကျော်သေဆုံးသွားကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က အတည်ပြုသည်။

စစ်ကားအစီးရေ ၅၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် ဂန့်ဂေါဘက်သို့ ယမန်နေ့ စက်တင်ဘာလ ၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ ဝန်းကျင်က စစ်ကြောင်းချီတက်လာစဉ် YDF – Gangaw တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဦးေရ၄၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်ထပ်လည်း ဦးေရ ၃၀ ထက်မနည်း ထိခိုက်ဒဏ်များ ရရှိသွားကြောင်း YDF က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ စစ်ကားငါးစီးခန့်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း YDF က ဆိုသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊ စက်သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF – Gangaw ) ဘက်က ထိခိုက်ကျဆုံးသူမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။

လတ်တလောတွင် စစ်ရေးအခြေအနေအရ ဂန့်ဂေါ- ကလေးလမ်းနှင့် ဂန့်ဂေါ- ထီးလင်းလမ်းတစ်လျှောက် ခရီးသွားလာခြင်း မပြုကြရန် ယောဒေသကာကွယ်ရေးတပ်ဖွဲ့( YDF)က ပြည်သူများအား အသိပေးထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s