တောင်ဒဂုံ အုပ်ကြီးရုံးရှေ့ ဗုံး ၂ လုံးဆက်တိုက်ပေါက်၊ ရာအိမ်မှူး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုရှေ့တွင် ဗုံးနှစ်လုံးဆက်တိုက်ဆိုသလိုပေါက်ကွဲရာ ရာအိမ်မှူးဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

တောင်ဒဂုံမြို့နယ် (၂၄) ရပ်ကွက် ၊ ရပ်ကွက်ရုံးရှေ့တွင် ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ၊ ၆နာရီ ၃၆ မိနစ်တွင် တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုတစ်ခုတွင် ရာအိမ်မှူး ဦးစောသန်းထွန်း၏ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာများရရှိသွားသည်။

” မသင်္ကာစရာ အိတ် တစ်ခုကို ဒုတ်နဲ့ သွားထိုးတာကနေ ပေါက်ကွဲမူဖြစ်ပေါ်ခဲ့တာလို့ ကျွန်တော်တို့ ကြားမိတယ်ဗျ။ အဲဒီ ဗုံးပေါက်တာကြောင့် ရာအိမ်မှူးတော့ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ မနက်ပိုင်းတွင် သာကေတမြို့နယ် အဝိုင်းကြီး အနီးနှင့် သံလျင်မြို့နယ် က. ည. န ရုံး အနီးတွင်လည်း ဗုံးပေါက်ကွဲမူ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s