ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း မြင်းတန့်ကျေး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ အောက်တိုဘာလ ၆ ရက်မနက် ၁၀ နာရီလောက်က စစ်အင်အား ၅၀ ခန့်နဲ့ ခြေလျင်စစ်ကြောင်းသွားနေစဉ် ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ ၂ ဦးသေဆုံးပြီး၊ ၃ ဦး အပြင်းအ ထန် ဒဏ်ရာရသွားတယ်လို့   သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ တော်လှန်ရေး တပ်သားတွေကတော့ အန္တရာယ်ကင်းကင်းနဲ့ဆုပ်ခွာနိုင်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ မြင်းတန့်ကျေး ကျေးရွာတရွာမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းက စတင်တပ်စွဲခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ‌တော့ အနီးအနားကျေးရွာတွေကို လှည့်လည်ဖို့ ထွက်ခွာလာစဉ် လမ်းမှာမိုင်းမိခဲ့တာဖြစ်ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s