မြန်မာစစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါ အဝင် ဆိုးပါးသည့် ပြစ်မှုများအတွက် အရေးယူရန် သံအ မတ်ကြီးဦးကျော်မိုးထွန်း ကုလညီလာခံတွင် တင်ပြမေးခွန်းထုတ်

အကြမ်းဖက် မြန်မာစစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု အပါအဝင် ဆိုးဝါးသည့် ပြစ်မှုများကို ကျူးလွန်နေမှုကို နိုင်ငံတကာ အရေးယူရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံတွင် တင်ပြ မေးခွန်း ထုတ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ နယူးယောက်တွင် ကျင်းပသော (၇၆) ကြိမ်မြောက်ကုလသမဂ္ဂ အထွေ ထွေညီလာခံ၊ တတိယကော်မတီ ၏ အ မျိုးသမီးများ အခွင့်အရေး မြှင့်တင်ခြင်းဆိုင်ရာ အစည်းအဝေးတွင် သံအမတ်ကြီးက တက်ရောက်ပြီး ယင်းသို့ မြန်မာစစ်တပ်က မြန်မာအမျိုး သမီးများအပေါ် ကျူးလွန် လျက်ရှိသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး မေး ခွန်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် အောက် တိုဘာလ ၅ ရက်နေ့၊ နံနက်ပိုင်း၌ ပြုလုပ်သည့် (၇၆)ကြိမ်မြောက် ကုလသမဂ္ဂထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများအခွင့်အရေးမြှင့်တင်ရေးဆိုင်ရာ virtual အစည်း အဝေး၌ မိန့်ခွန်း ပြောကြားသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု အားလုံး ရပ်တန့်ရေးသည် အခြေခံလူ့အခွင့်အရေးကိစ္စရပ်သာမဟုတ်ဘဲ နိုင်ငံအားလုံးအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် အနာဂတ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် ကိစ္စရပ်ဖြစ် ကြောင်း၊ ကမ္ဘာတစ်ဝန်း၌ အမျိုး သမီးများအခွင့်အရေး မြှင့်တင်ရေးသည် စိန်ခေါ်မှုတစ်ရပ်အနဖြစ် ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ကုလ သမဂ္ဂမှတ်တမ်းများအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် စစ်တပ်၏ ဝိသေသလက္ခဏာဖြစ် ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းမှုနောက်ပိုင်း မြန်မာအမျိုးသမီးများသည် စစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထည့်သွင်းပြောကြားခဲ့ပါ သည်။

မြန်မာ အမျိုးသမီးများအပေါ် မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ဆိုးဝါးသည့် ပြစ်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကု လသမဂ္ဂအနေနှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် ကိစ္စနှင့် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံ ခြင်းနှင့် အကြမ်းဖက်မှုများအတွက် ကာကွယ်တားဆီးရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s