ရခိုင်ကျောင်းသားများ အမှု ပြည်နယ်တရားရုံးသို့ အယူခံခွင့် တင်သွင်း

စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် အမှုနှင့်ပတ်သက်၍ အမြင့်ဆုံးထောင်ဒဏ် အသီးသီးချမှတ်ခံလိုက် ရ သည့် ရခိုင်ကျောင်းသား လူငယ် ၄ ဦး အမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ထား သည်ဟု ၎င်းအမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။

အောက်တိုဘာလ ၄ ရက်နေ့ (ယမန်နေ့) က အဆိုပါအမှုနှင့် ပတ်သက်၍ ပြင်ဆင်မှုကို ရခိုင်ပြည်နယ် တရား လွှတ်တော်တွင် တင်သွင်းလိုက်ပြီဟု အမှုလိုက်ရှေ့နေက ပြောသည်။အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ဟုတ်ကဲ့ခင်ဗျ။ ကျ နော်တို့ မနေ့က တင်လိုက်ပါတယ်ခင်ဗျ။

ရခိုင်တရားလွှတ်တော်မှာ ပြင်ဆင်မှုကို တင်သွင်း တာပါခင်ဗျ။ အခုက လက်ခံသင့်မသင့်ကို တင်သွင်းထားတာပါ ဟု ပြောသည်။နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ချမှတ်ခံ ထားရသည့် ရခိုင်ကျောင်းသားများအတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ခရိုင်တရားရုံးသို့ အယူခံ တင်သွင်းရာ ခရိုင်တရားရုံးမှ ပယ်လိုက်သည့်အတွက် ပြည်နယ်တရားလွှတ်တော်သို့ ဆက်တက်ရခြင်း ဖြစ်သည် ဟု ဆက်ပြောသည်။

မနေ့က တင်လိုက်တော့ ၅၀၅ (ခ) က ရာဇဝတ် ပြင်ဆင်မှု အမှတ် ၁-၂၀၂၁ ပေါ့နော်၊ နောက်ပြီးတော့ ဘေးစီမံ ၂၉ ကိုတော့ ရာဇဝတ်ပြင်ဆင်မှု ၂/၂၀၂၁ နဲ့ အမှုဖွင့် ထားပါတယ်။ အဲ့တော့ အဲ့ဒီအမှုကို လက်ခံသင့် မသင့်ဆို တာ နဲ့ ပတ်သက်ပြီးတော့ လျှောက်လဲချက် ကြားနာရမှာပါ။ လျှောက်လဲချက် ကြားနာရမယ့်နေ့ကို ကျနော်တို့ ရခိုင် ပြည်နယ် တရားလွှတ်တော်က နှစ်ပတ်လောက်တော့ ကြာမယ်ထင်ပါတယ်။ အဲ့ခါကြရင် လျှောက်လဲချက် ပေး ရမယ့်နေ့ကို တက်ရမှာလေ။

ဘာ့ကြောင့်ကျနော်တို့က ဒီအမှုကို လက်ခံသင့်တယ်ဆိုတာ လျှောက်လဲချက် ပေး ရမှာ ဟု ဦးကျော်ညွှန့်မောင်က သတင်းနှင့်မီဒီယာကွန်ရက်သတင်း ဌာနကို ပြောသည်။အဆိုပါအမှုနှင့် ပတ်သက်၍ ခန့်မှန်းခြေ လာမည့် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ပြည်နယ် တရားလွှတ်တော် ထံ အမှုနှင့် ပတ်သက်၍ လျှောက်လဲချက်ပေးရမည်ဟု ဆက်ပြောသည်။

ထို့သို့ လျှောက်လဲချက်ပေးပြီးနောက် ရခိုင်ပြည်နယ် တရားလွှတ်တော်က လက်ခံမှသာ အမှုတွဲနှင့်ပတ်သက်၍ ဆက်လက် ရှေ့ဆက်လုပ် ဆောင်နိုင်မည်ဟု ဆိုသည်။အဲ့လိုလျှောက်လဲချက်ပေးလို့ လက်ခံတယ်ဆိုရင် ရခိုင်ပြည်နယ် တရားလွှတ်တော် အောက်ရုံးက အမှုတွဲတွေ ကို ခေါ်မှာပါ။ အောက်ရုံးက အမှုကိုတောင်းမယ်။ မြို့နယ် တရားရုံးရယ်၊ ခရိုင်တရားရုံးက ပယ်လိုက်တဲ့ အမှု တွဲတွေကို တောင်းမှာပါ။ အဲ့မှာ အပြီးသတ်လျှောက်လဲချက် ထပ်ပေးရမယ်။

အဲ့တော့ လျှောက်လဲချက် ပေး ပြီးတဲ့ အခါမှာ ရခိုင်ပြည်နယ် တရားလွှတ်တော်က ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်မယ်။စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည့် ရခိုင်လူငယ် ၄ ဦးမှာ ရခိုင်ကျောင်းသား သမဂ္ဂ အဖွဲ့ ဝင်များ ဖြစ်ကြပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်းနှင့် ဒဂုံ တက္က သိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက အမှုနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်တွေမြို့နယ် တရားရုံးမှ နိုင်ငံတော် အ ကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အား အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု(ဘေးစီမံ) ဥပဒေ ပုဒ်မ ၂၉ ကို ၆ လစီဖြင့် အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက် ခြင်း ဖြစ်သည်။

ထိုသို့ ချမှတ်လိုက်ခြင်းသည် ဥပဒေအကြောင်းအရ မဖြစ်သင့်သည့်အတွက် ၎င်းတို့၏ ရှေ့နေ ဦးကျော်ညွှန့် မောင် အနေဖြင့် ခရိုင်နှင့် ပြည်နယ်အဆင့်ထိတက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြစ်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလူငယ် ၄ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်တွင် ကိုလိုနီအစိုးရ အလိုမရှိ၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ No Bloody Government၊ No Murder Army၊ Burmese Government Get Out၊ Burmese Army Get Out စသည့် ဆိုင်းဘုတ်များ ကိုင် ဆောင်ပြီး ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s