အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်း အ ဝေး မဖိတ် ကြားရန် အာဆီယံနိုင်ငံများ ဆွေးနွေးနေ

စစ်အာဏာသိမ်းထား​သော မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ယခုလအတွင်း ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး မဖိတ်ကြားရန် အာဆီယံနိုင်ငံများက ဆွေးနွေးလျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ဘရူနိုင်းနိုင်ငံခြားရေးဝန် ကြီး ၂ Erywan Yusof က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့်သဘောတူခဲ့သောအချက်ငါးချက်ပါအစီအစဉ်ကိုစစ်အစိုးရကမလုပ်ဆောင်ခြင်းသည်နောက်ကြောင်းပြန်လှည့်ခြင်းသာဖြစ် သည်ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ယခု အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ စစ်ခေါင်းဆောင်ကို မဖိတ်ကြားရန် အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေး နေပြီဖြစ်ကြောင်း၊ မလေးရှားနိုင်ငံနှင့်အခြားအာဆီယံနိုင်ငံများကယင်းသို့ မဖိတ်ကြားရန် ပြောဆိုလာပြီးနောက် အာဆီယံအတွင်း ဆွေးနွေးမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု သိရှိရသည်။

​”အခုအချိန် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှုမှာ တိုးတက်မှုမရှိသေးပါဘူး၊ ဒါကစိုးရိမ်စရာတစ်ခုပါ” ဟု Erywan က ပြော သည်။ မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် သူ၏တောင်းဆိုမှုများကိုစစ်အစိုးရက တိုက် ရိုက်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း Erywan ကဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s