အာဆီယံဘုံသဘောတူညီချက် စစ်ကောင်စီက မပူးပေါင်းလျှင် NUG အစိုးရနှင့် တွေ့ဆုံဆွေး နွေးမှု စဉ်းစားရန် အသင့်ဖြစ်နေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ပူးပေါင်းဆောင် ရွက်မှု မရှိလျှင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံ ဆွေးနွေးရေးစဉ်းစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က ထုတ်ဖော်ပြောဆိုသည်။

စစ်ကောင်စီသည် အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို အောက် တိုဘာလ ၄ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အ စည်း အဝေးမှ တစ်ဆင့် သိရှိပြီးဖြစ်ကြောင်း ဘနားမားသတင်းတွင် ဖော်ပြသည်။

“အတိတ်ကာလ မြန်မာ အာဆီယံအဖွဲ့ဝင် နိုင်ငံ မဖြစ်လာခင်မှာ မလေးရှားက တွေ့ဆုံဆွေးနွေးရေးနဲ့ အပြုသဘော ဆက်ဆံတဲ့ ပထမဆုံး နိုင်ငံပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။မလေးရှားပါလီမန်တွင် မလေးရှားနိုင်ငံအနေဖြင့် NUG အစိုးရ နှင့် တွေ့ဆုံဆွေးနွေးရန် ရှိ၊ မရှိ လွှတ်တော်အမတ် Wong Chen မေးခွန်းကို ဖြေကြားစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း သဘောထားမှတ်ချက်ပေးသွားခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာစစ်ကောင်စီသည် အာဆီယံဘုံသဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ပျက်ကွက်နေကြောင်း၊ လာမည့် အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားရန် ခက်ခဲလိမ့်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သဘောထားမှတ်ချက် ပြုထားကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ် လောင်း အတည်ပြု ပြောဆိုသွားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s