ချင်းအမျိုးသားတပ်ဦးမှ ဗဟိုအလုပ်အမှု ဆောင်ဟောင်း ကွယ်လွန်

ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဟောင်းတဦးဖြစ်သူ Pu Zam Suan Dal (ခ) Pu Dal သည် ယမန်နေ့ အောက်တိုဘာလ ၅ရက် က ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။ Pu Zam Suan Dal သည် ပြည် ထောင်စုအတွင်း လွတ်လပ်ခွင့် ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် များအတွက် အမျိုးသားရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း CNF ၏ တာဝန်ရှိသူများက ပြောသည်။

Pu Zam Suan သည် ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အပါအဝင် ပေးအပ်ခံရသည့် အခြားအဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့သူ၊ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းလူမျိုးများအတွက် အားထားရသောသူတစ်ဦး ကြောင်း သိရသည်။ ၎င်း၏ ကိုယ်ကျိူးစွန့်အနစ်နာခံမှုများအတွက် ချင်းအမျိုုးသားတပ်ဦး/တပ်မတော်မှ မှတ်တမ်းတင်ကြောင်းနှင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း CNF က ထုတ်ပြန်ကြေညာထားသည်။

၎င်းသည် ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် ကလေးနှစ်ယောက် ကျန်ရစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s