တနိုင်းနှင့် ဖားကန့်မြို့နယ်များအတွင်း စစ်ကောင်စီတပ်နှင့် K.I.A တို့တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီမှ ၁၀ ဦးကျော်‌ သေဆုံးပြီး၊ ဒုတပ် ရင်းမှူး အပါအဝင် ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်အတွင်း စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တို့ ယနေ့ အောက်တိုဘာလ ၆ ရက်တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီမှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးကျော်သေဆုံးကာ ဒုတပ်ရင်းမှူး ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၆ နာရီမှ ၁၀ နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် K.I.A တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ရှဒူဇွပ်အခြေစိုက်တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် တနိုင်းဘက်သို့ ရိက္ခာဖြည်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူပေးသည့် တပ်ဖွဲ့အား K.I.A တပ်မဟာ ၂ အမှတ် ၄၃ တပ်ရင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ရှဒူဇွပ်အခြေစိုက် (၂၉၇) တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦးအပါအဝင် အကျအဆုံးများရှိကြောင်း K.I.A နှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင်လည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်စင်မှ တာမခန်ဘက်သို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီမှ တပ်မ ၃၃၊ ခမရ ၁၁၆ တပ်ဖွဲ့အား K.I.A တပ်မဟာ ၉၊ တပ်ရင်း ၂၆ မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရကြောင်း ကချင်သတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီမှ လူအင်အား၊ ရိက္ခာများ ဖြည့်တင်းလျှက်ရှိပြီး K.I.A တပ်ဖွဲ့များမှ ကြားဖြတ်ခုခံတိုက်ခိုက်လျှက်ရှိရာ နေ့စဉ်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s