တောင်တွင်းကြီးတွင် စစ်မှုထမ်းဟောင်းများကို စစ်တပ်ကပြန်ခေါ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းဖို့ စစ်တပ်က ပြန်လည်ခေါ်ယူနေတယ်လို့ မြို့နယ်စစ်မှုထမ်း ဟောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတဦးက ”ပြန်ခေါ်တဲ့စစ်မှုထမ်းဟောင်းတွေထဲမှာ ဆေးဘုတ်နဲ့ ပင်စင်ယူထားတဲ့သူတွေကို အဓိကထားပြီးပြန်ခေါ်နေတာ။ အကျိုးအပြတ်နဲ့ အသက်အရမ်းကြီးနေရင်လည်း ပြန်မခေါ်ဘူး” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထဲကို ပြန်ဝင်သူတွေဟာ မူရင်းပင်စင်လစာအပြင် နောက်ထပ်လစာအဖြစ်ကျပ် ၃ သိန်းထပ်မံရရှိမယ်လို့ ဆိုပါတယ်။

တပ်ထဲပြန်ဝင်သွားသူတဦးရဲ့ မိသားစုဝင်တဦးက ”ပင်စင်က ၈ သောင်းလောက်ပဲရတာ။ ကလေးတွေကများပြီး အလုပ်ကလည်းမရှိတော့ တပ်ထဲပြန်ဝင်သွားတာ ၂  လပြည့်တော့မယ်။ လစာ ၃ သိန်းရမယ်တော့ ပြောသံကြားတယ်။ ဘယ်တပ်ထဲမှာလည်း မသိဘူး။ အဆက်အသွယ်မရသေးဘူး။ အခုထိတော့ အိမ်ကို ပိုက်ဆံပြန်မလွှဲသေးဘူး။ ရှေ့တန်းတော့မထွက်ရဘူး ပြောတာဘဲ။ လုံခြုံရေးသက်သက်ပဲဆိုလို့ လိုက်သွားတာ။ ကျန်တာတော့ မသိတော့ဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်မှုထမ်းဟောင်း ၁၀၀ နီးပါးဟာ စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်သွားပြီလို့  မြို့နယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s