ဒီပဲယင်းနယ်မှရွာ ၃ ရွာအား စစ်တပ်က အ ကြိမ်ကြိမ် မွှေနှောက်ဖျက်ဆီးနေ

ဒီပဲယင်းမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ တိုင်နက်ကျေးရွာအုပ်စုအတွင်းမှ ရွာသုံးရွာကို စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်ဖြင့် စစ်ဆင်ရေးသ ဖွယ်အကြိမ်ကြိမ် ဝင်ရောက်မွှေနှောက်ကာ ပြည်သူ့အိုးအိမ်ပစ္စည်းများ ဖျက်ဆီးလျက်ရှိ‌ေကြာင်း ဒေသခံများကပြောသည်။ တိုင်နက်ကျေး ရွာအုပ်စုတွင် တိုင်နက်ကျေးရွာ၊ မြင်းတန့်ကျေးကျေးရွာ၊ ကျီရွာကုန်းကျေးရွာတို့ပါဝင်သည်။

ထိုရွာသုံးရွာစလုံးအား စစ်သားများက တစ်ကြိမ်ထက်မနည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးကြပြီး ဖြစ်သည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းတွင်လည်း မြင်းတန့်ကျေး ကျေးရွာတွင် ယမန်နေ့ကတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ရွာထိပ်ရှိကင်းတဲ သုံးလုံး အားမီးရှို့ခြင်း၊ နေအိမ်များအား မွှေနှောက်ခြင်းများပြုလုပ်လျက်ရှိသည်။ “မနေ့ကတည်းက တပ်စွဲထားကြတော့ ရွာကနေအကုန်ပြေးကြရတယ်။

ဒီမနက်တော့ ၁၀ နာရီလောက်က ကျေးရွာလုံခြုံရေးကင်းတဲသုံးလုံးကို သူတို့မီးရှို့လိုက်ကြတယ်။ ရွာကအိမ်တွေနဲ့နည်းနည်းဝေးတော့တော်သေးတယ်။ မဟုတ်ရင်အိမ်တွေပါလောင်ကုန်မှာ ခုထိတော့ ရွာထဲမှာဆက်ပြီးမွှေနေတုန်းပဲ။ ဘယ်အိမ်ကဘာတွေပါသွားလဲဆိုတာတော့ အတိအကျတော့မသိရသေးပါဘူး” ဟုအဆိုပါရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခုအကြိမ်စစ်သားများ ဝင်ရောက်မွှေနှောက်နေသည့် မြင်းတန့်ကျေးကျေးရွာသည် တတိယအကြိမ်မြောက် မွှေနှောက်ခံရခြင်းဖြစ်သည်။ လွန်ခဲ့သည့် ဩဂုတ်လတွင်လည်း စစ်သားများက မြင်းတန့်ကျေး ကျေးရွာအား နှစ်ကြိမ် မွှေနှောက်ဖျက်ဆီးခဲ့သည်။ “ဒီတစ်ကြိမ်ပါဆို သုံးကြိမ်ရှိပြီ။ ကျွန်တော်တို့ရွာအမွှေခံရတာ၊ သူတို့ရောက်လာတိုင်းလည်း ကလေးတွေ သက်ကြီးရွယ်အိုတွေအပါအဝင်အကုန်ပြေးကြရတာ၊ ကျန်တဲ့ဒေသတွေလိုတော့ တောင်တွေလည်းမရှိတော့ လယ်ကန်သင်းရိုးတွေကြားမှာ ပြေးလွှားရတာတော်တော်ဒုက္ခရောက်ပါတယ်ဗျာ။ အရင်တစ်ခေါက်ကဆို အိမ်တစ်လုံးပါမီးရှို့ခံရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

လက်နက်အားကိုးဖြင့် ယခုလိုဒေသခံများအပေါ် သောင်းကျန်းနေသည့်စစ်တပ်အားနာကျည်းကြောင်းနှင့် ရရာလက်နက်စွဲကိုင်တော်လှန်ရန်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူတို့မှာ လက်နက်ရှိတုန်းအနိုင်ကျင့်ထားကြဦးပေါ့။ ကျွန်တော်တို့လည်းပြင်ဆင်နေတယ်။ သူတို့နဲ့တိုက်ဖို့အဆင်သင့်ဖြစ်တာနဲ့ လက်နက်တပ်ဆင်တာတွေပြင်ဆင်ပြီးတာနဲ့ သူတို့ကိုအမြစ်ပြုတ်တိုက်ထုတ်သွားမှာပါ” ဟုဒေသခံကပြောသည်။

အောက်တိုဘာလ ၅ ရက်တွင်လည်း မြင်းတန့်ကျေးကျေးရွာနှင့် တစ်မိုင်ခန့်အကွာ တိုင်နက်ကျေးရွာသို့ စစ်ကောင်စီတပ်သား အင်အား ၅၀ ကျော်ဖြင့် ဒုတိယအကြိမ်ဝင်ရောက်မွှေနှောက်ကာ ဒေသခံများ၏ပစ္စည်းများအား ဖျက်ဆီးပြီး ရွှေ၊ငွေများယူဆောင်သွားခဲ့ကြသည်။

လက်ရှိသတင်းပေးပို့လာချိန် မနက်ပိုင်း ၁၁ နာရီအချိန်အထိ မြင်းတန့်ကျေးကျေးရွာတွင် စစ်ကောင်စီတပ်သားများရှိနေဆဲဖြစ်ကြောင်းသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s