ဖာပွန်၊ ဝေမှုံကျေးရွာအနီး မိုင်း ၃ ကြိမ်ကွဲပြီး စစ်ကောင်စီမှ ၉ ဦးသေဆုံး ၄ ဦးဒဏ်ရာရ၊ စစ်ကောင်စီမှ ရွာသားများအား ရိက္ခာထမ်း လမ်း ပြပေါ်တာများအဖြင့် အဓမ္မစေခိုင်းနေ

အောက်တိုဘာလ ၅ ရကတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဝေမှုံကျေးရွာနှင့် ခမရ ၄၃၄ တပ်ရင်းကြား ၁ ကြိမ်၊ တခေ့ခိုတွင် ၁ ကြိမ်၊ မယ်ပရီးခရီးနှင့် တနှေးရွာကြားတွင် ၁ ကြိမ် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီမှ ၉ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း KNDO မှ သတင်းထုတ်ပြန် သည်။

စစ်ကောင်စီ၏ ဒွယ်လိုးမြို့အခြေစိုက် စကခ ၁၊ ခမရ ၄၀၅ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ချီတက်ရာလမ်းတလျှောက်ကျေးရွာများမှ ရွာသားများအား ပေါ်တာများအဖြစ် အသုံးပြုနေကြောင်းလည်း KNDO ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ဒွယ်လိုးမြို့နယ် မယ်ပရေးခီးနှင့် တနှေးရွာသား ၁၈ ဦးအား မယ်ကဝထရွာသို့လည်းကောင်း၊ မယ်ကဝထရွာမှ ရွာသား ၅ ဦးအား ဝခါထကျေးရွာသို့လည်းကောင်း၊ ဝခါထ ရွာသား ၁၄ ဦးအား ဝေါဝေလေးကျေးရွာသို့လည်းကောင်း၊ ဝေါဝေလေးကေးရွာမှ ရွာသား ၆ ဦးအား သုခုတ ရွာသို့လည်းကောင်း ရိက္ခာထမ်း လမ်းပြများအဖြစ်အသုံးပြုပြီး ပြန်လွှတ်ပေးကြောင်း KNDO မှ ဆိုသည်။

သုခုတကျေးရွာမှ ရွာသား ၆ ယောက်အား ယနေ့ အောက်တိုဘာလ ၇ ရက်အထိ ပေါ်တာအဖြစ်အသုံးပြုရန် ဖမ်းဆီးထားကြောင်း KNDO ထုတ်ပြန်ချက်အရသိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s