ဘားအံမြို့နယ်၊ တကောင်ဘိုကျေးရွာအုပ်စုတွင် ၁ လ ရွာသူကြီး၊ ၁၅ ရက် ရွာသူကြီးများ ရွေးချယ်ခန့်အပ်ရန်၊ KNLA ၏ လှုပ်ရှားမှုများအား သတင်းပို့ရန်နှင့် လိုအပ်လျှင် ၁ ရွာ ၁ ယောက် စစ်မှုထမ်းရမည်ဟု ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ ညွှန်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တကောင်ဘိုကျေးရွာအုပ်စုရှိ ဂျို့ပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ မီးပုံးကျေးရွာများမှ ရွာရပ်မိရပ်ဖနှင့် ဂေါပကလူကြီးများအား BGF ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ ၂ မှူး တင်ဝင်းမှ ခေါ်ယူတွေ့ဆုံကာ ၁ လ သူကြီး၊ ၁၅ ရက် သူကြီးများဖြင့် အလှည့်ကျအုပ်ချုပ်ရန် အောက်တိုဘာလ ၃ ရက် တွင် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာလူကြီးများအား BGF မှ ခေါ်ယူတွေ့ဆုံကာ ဂျို့ပင်ဆိပ်တွင် ၁ လ ရွာသူကြီး ၂ ဦး၊ မြိုင်ကျေးရွာတွင် ၁ လ သူကြီး ၂ ဦး၊ မီးပုံးကျေးရွာတွင် ၁ လ သူကြီး ၄ ဦး၊ ကုန်းတန်းကြီးကျေးရွာတွင် ၁၅ ရက် ရွာသူကြီး ၃ ဦးတို့အား အောက်တိုဘာ ၅ ရက်နေ့ နောက်ဆုံးထားရွေး ချယ်ခန့်အပ်ရန်နှင့် ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA လှုပ်ရှားမှုများအား သတင်းပေးရန် ကရင်နယ်ခြားစောင့်တပ်ဖွဲ့မှ ညွှန်ကြားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံးမှ သတင်းထုတ်ပြန်သည်။

ယခုလုပ်ရပ်သည် ဒေသခံပြည်သူလူထု၏ သထောထားမပါဘဲ အတင်းအဓမ္မ ခိုင်းစေညွှန်ကြားခြင်းဖြစ်ကာ တနည်းအားဖြင့် စစ်ရေးအရ ဒေ သခံလူထုကို အသုံးချခြင်း၊ အကြမ်းဖက်ခိုင်းစေခြင်းသာဖြစ်ကြောင်း ကေအဲန်ယူ-သထုံခရိုင် တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးမှပြောသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ကလည်း BGF ၁၀၁၄တပ်ရင်း၊ တပ်ခွဲမှူး တင်ဝင်းမှ ၎င်းတို့အတွက် တစ်ရွာလျှင် တစ်ယောက် စစ်မှုထမ်းရမည်ဟု ကျေးရွာ ၃ ရွာမှ ရွာလူကြီးများကိုပြောကြားခဲ့သေးသည်။အဆိုပါကျေးရွာများသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ စစ်ရေးလှုပ်ရှားရာနယ်မြေများလည်း ဖြစ်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s