မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် ကော့မှူးတွင် စစ်ကောင်စီဘက် တော်သားများ ပစ်ခတ်ခံရ၍ ၇ ဦးဒဏ်ရာရ၊ အင်းစိန်၊ မရမ်းကုန်း၊ မ င်္ဂလာဒုံ၊ တောင်ဒဂုံနှင့်သန်လျင်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

အကြမ်းဖက် ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေချိန် အောက်တိုဘာလ ၆ ရက်နေ့နှင့်အောက်တိုဘာလ ၇ ရက်နေ့ နံ နက်ပိုင်းတွင် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလ ၆ ရက်နေ့ သန်လျင်တွင် အကြမ်းဖက် ဖက်ဆစ် ကမ်းခြေစောင့်တပ်ဖွဲ့ ထူထောင်ခြင်း အခမ်းအနားသို့ လာရောက်ရင်း ရန်ကုန်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဗိုလ်ချုပ်မြို့ပတ်လမ်း၊ ရေတပ်အဝင်ဝအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ၊ ည နေ ၆ နာရီ ၃၅ မိနစ်တွင် ပထမအကြိမ်ပေါက်ကွဲမှုအဖြစ် လုံခြုံရေး ကင်းတဲတွင် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်များ ရောက်ရှိလာချိန်တွင်လည်း လုံခြုံရေးကင်းတဲတွင်ပင် ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ရမ်းသမ်း ပစ်ခတ်မှု များလုပ်ဆောင်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ မှော်တောကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် အမည်မသိ သေနတ်သမားတချို့အကြား ပစ်ခတ်မှုများ ဖြစ်ပေါ်ကာ ပျူစောထီး ၃ ဦး နှင့် စစ်ကောင်စီဘက်မှ ၄ ဦး အပါအဝင် စုစုပေါင်း ၇ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကော့မှူးမြို့နယ်မှ မိုင်၂၀ ကွာဝေးသော ကျိုက်ထော်မှော်တောကျေးရွာတွင် ကျေးရွာ စစ် ဆေးရေးဂိတ်ကို ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိသေနတ်သမား ၄ ဦးက အောက်တိုဘာ ၆ ရက်နေ့ည ၇ နာရီ ၃၀ နာရီအချိန်ခန့်တွင်လာရောက်ပစ်ခတ်သဖြင့် ပျူစောထီး သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားသဖြင့် စစ်ကောင်စီဘက်မှ ၄ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်း မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်၊ အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျာတံတားအဆင်းတွင် ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦး ရှိကြောင်း ၊ ည နာရီ ၃၂ မိနစ်တွင် မင်္ဂလာဒုံတွင် ဗုံးပေါက်ကွဲမှု ၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၅ နာရီကျော်တွင် တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၂၅ ရပ်ကွက်တွင် သေနတ် ၇ ချက် ပစ်ခတ်သံများကြားရကြောင်း ၊ ယနေ့ နံနက် ၆ နာရီ ၄၉ မိနစ် တောင်ဒဂုံမြို့နယ် ၊ ကွေ့မအိမ်ရာ၊ သံလမ်းမှတ်အနီး သံလမ်း လမ်းမှတ်တိုင် အနီး ဗေလုဝ ကွေ့လမ်းကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။လက်ရှိတွင် ရန်ကုန်မြို့ နေရာအများအပြားတွင် မင်းအောင်လှိုင်ခရီးစဉ်အတွက် စစ်ကောင်စီဘက်မှ လုံခြုံရေး အများအပြား ချထားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s