လွိုင်ကော်တွင် ယမန်နေ့ည စစ်တပ်၏ ရမ်း ကားပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုရှိ၊ နမ့်ဘော်ဝမ် (ခ)ရပ် ကွက်နှင့် ဧက ၅၀၀ ရှိ ပြည်သူပိုင်အိမ်များ ပျက်စီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာ ၆ ရက်နေ့ ယမန်နေ့ည စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Progressive Karenni People Force – PKPF သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန် သည်။

အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူလူထု၏ နေအိမ်များလည်း ပျက်စီးသွားကြောင်း ၊ ပျက်စီးနေသော ပြည်သူလူထု၏နေအိမ်များကို ဓာတ်ပုံနှင့်တကွ PKPF က ထုတ်ပြန်ထားသည်။ “မနေ့ညက လက်နက်ကြီးပစ်တာတွေ အကြမ်းဆုံးပဲ၊ နမ့်ဘော်ဝမ် (က)ရပ်ကွက်၊ ဧက ၅၀၀ အဲဒီဘက်တွေ လက်နက်ကြီးကျပြီး အိမ်တွေ ပျက်တာ အများကြီးပဲ၊ ဘယ်နှစ်ယောက်ထိလဲတော့ အတိအကျမသိသေးဘူး” ဟု လွိုင်ကော်မြို့ခံတစ်ဦးမှ ပြောသည်။

“ညက စစ်ကောင်စီက ပစ်တဲ့ ကျည်ထိမှန်ပြီး ၁ ဦး သေဆုံးတယ်၊ အိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်စစင် ဒဏ်ရာရတယ်၊ လက်နက်ကြီးထိပြီး ပျက်နေတဲ့အိမ်တွေ အများကြီးပဲ၊နောက်ပြီး တောင်ကွဲစေတီဘက်မှာ အိမ်ပြန်နေတဲ့ လူ ငယ်တစ်ယောက် ပစ်ခတ်ခံရတယ်၊ လက်မောင်းမှာ ထိတယ်လို့ ကြားတယ်” ဟု လွိုင်ကော်ရှိ အခြားမြို့ခံ သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

လွိုင်ကော်-လောပိတ လမ်းရှိ ၅၄ တပ်၊ ဆေးတပ်၊ ထောက်ပို့တပ်များအား ကရင်နီတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ရာမှ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လက်နက်ကျည်ဆံများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ အများပြည်သူနေအိမ်များအပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ယမန်နေ့ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး နှစ်ဖက်တပ် ကျဆုံးဒဏ်ရာရရှိမှုအခြေအနေအား လတ်တလော မသိရှိရသေးပေ။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s