အကြမ်းဖက်စစ်ကောင်စီနှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ကြား ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွား၊ MNDAA မှ ၁ ဦးကျဆုံး ၁ ဦးဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ အကျအဆုံး အတည်မပြုနိုင်သေး

အကြမ်းဖက်စစ်ကောင်စီနှင့် MNDAA ကိုးကန့်တပ်ဖွဲ့များကြား အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ၊ ၃ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA မှ ၁ ဦးကျဆုံးကာ ၁ ဦး ဒဏ်ရာရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အကျအဆုံးစာရင်းအား မသိရှိရသေးကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ကိုးကန့်ရှင့်ထန်ဒေသ ပေါက်ပေါက်ရွာတွင် ၁ ကြိမ်၊ ၄ ရက်နေ့တွင် မုံးကိုး လုံလောက်လန်းရွာတွင် ၁ ကြိမ်၊ ၅ ရက်နေ့တွင် ကိုးကန့်၊ မုံးကိုး၊ သိန္နီဒေသများတွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Kokang မှ သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ၁၂၈ တပ်ရင်းနှင့် MNDAA ကြား ကိုးကန့်ဟုန်ရှင်း ကောကျားတုဒေသတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သည် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားကြောင်းသိရသည်။

မွန်းလွဲ ၃ နာရီ ၃၇ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ ၁၂၇ တပ်ရင်းမှ တပ်သား ၆၀ ဝန်းကျင်သည် သိန္နီ၊ နာတီကျေးရွာ၊ သာကူတောင်အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီမှ အကျအဆုံးစာရင်း မသိသေးကြောင်း၊ MNDAA မှ ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ကြောင်း ကိုးကန့်သတင်းရင်းမြစ်မှ ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် အပစ်ရပ်နားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ကိုးကန့်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်းနှင့် MNDAA တပ်မှ ခုခံတိုက်ခိုက်နေကြောင်း The Kokang မှ ထုတ်ပြန်သည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s