CDMပြုလုပ်ထားသူများ၏ အမည်စာရင်းများကို သတင်းပေးသည့် ပဲခူးမြို့က ရာအိမ်မှူးအိမ် ဗုံးပစ်ခံရ

ပဲခူးမြို့တွင် CDMပြုလုပ်ထားသူများ၏ အမည်စာရင်းများကို စစ်‌ကောင်စီထံ သတင်းပေး‌သည်ဟု နာမည်ကြီးနေသူ ဒလန် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရသည်။ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ( ၇ ) လမ်းရှိ ရာအိမ်မှူး ကိုကျော်ကျော် အိမ်ကို ယနေ့အောက်တို ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်ကဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပဲခူး PDF ) ၏ တာဝန်ရှိသူက က ပြောသည်။

“သူက ရပ်ကွက်ကထဲက CDM စာရင်းတွေကို စကစကို သတင်းပေးတယ် ။ နောက်ပြီး သူက ကြံ့ခိုင်ရေးအမာခံ သတင်းပေးပါ”ဟု ၎င်းက ဆိုသည်။ သတင်းပေးရာအိမ်မှူး ကိုကျော်ကျော်၏ နေအိမ်ကို ဗုံးဖြင့်ပစ်ခံရပြီး ၎င်း၏ ခြေထောက်ထိခိုက်ဒဏ်ရာရကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s