DKBA-ခွဲထွက် အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသော ဒုဗိုလ်မှူးကြီးကျော်စွာမျိုး ယနေ့ သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်တွင် အောက် တိုဘာလ ၁ ရက် နံနက် ၉ နာရီအချိန် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ခရီးစဉ် လုံခြုံရေးယူနေစဉ် DKBA-ခွဲထွက်အဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန်ခဲ့သော ဒုဗိုလ်မှူးကြီးကျော်စွာမျိုးသည် ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ G-1 ဒုတိယ ဗိုလ်မှူးကြီးကျော်စွာမျိုးသည် အောက်တို ဘာလ ၁ ရက်နေ့ DKBA-ခွဲထွက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆီးအိမ်တွင် ကျည်ထိမှန်ပြီး ဆေးရုံအဆင့်ဆင့်ပြောင်း၍ ကုသနေစဉ် ၅ ရက်အကြာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် DKBA-ခွဲထွက် အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ် ကြီး တစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး နေရာတွင် ပွဲချင်း ပြီးသေဆုံးခဲ့ပြီး ယခု ဒုတိယဗိုလ်မှူးကြီး ကျော်စွာမျိုး သေဆုံးမှု ပါ ထပ်ပေါင်းပါက DKBA- ခွဲထွက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ စုစုပေါင်း ၅ ဦး သေဆုံးသွားခြင်းဖြစ်သည်။

လက်ရှိတွင် ကော့ကရိတ်မြို့အနီးတွင် လက်နက်ကိုင်တပ်များအကြား စစ်ရေးတင်းမာနေပြီး တစ်ဖက်နှင့် တစ်ဖက် အခြေအနေကို အသင့်အ နေအထားဖြင့် စောင့်ကြည့်နေကြသည်ဟု သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s